ထန်တလန်မြို့ကို စစ်ကောင်စီတပ်က (၂၈)ကြိမ်မြောက် မီးရှို့သဖြင့် လူနေအိမ် ၁၀၀ ကျော် ပျက်စီးဆုံးရှုံ

ထန်တလန်မြို့ကို စစ်ကောင်စီတပ်က (၂၈)ကြိမ်မြောက် မီးရှို့သဖြင့် လူနေအိမ် ၁၀၀ ကျော် ပျက်စီးဆုံးရှုံ

ချင်းပြည်နယ် ထန်တလန်မြို့ကို စစ်ကောင်စီတပ်မှ (၂) ကြိမ်မြောက်အဖြစ် မီးရှို့ခဲ့ရာ လူနေအိမ် ၁၃၅ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း Thantlang Placement Affairs Committee – IDPs help မှ မေလ ၃၁ ရက်နေ့ တွင် ထုတ်ပြန် သည်။

မေလ ၂၄ ရက် နှင့် ၂၆ ရက်နေ့က မီးလောင်သွားပျက်စီးခဲသော နေအိမ်အရေအတွက်မှာ Sianginn Sang ရပ်ကွက်မှ နေအိမ် ၁၁၆ လုံးနှင့် Zunghmun Sang ရပ်ကွက်မှ နေအိမ် ၁၉ လုံးဖြစ်ပြီး စုစုပေါင်း ၁၃၅ လုံး ဖြစ်ကြောင်း ဖော်ပြထားသည်။ ထန်တလန်မြို့ကို ယခုကဲ့သို့ မီးရှို့မှုသည် (၂၈) ကြိမ်မြောက်ရှိပြီဖြစ်ပြီး အိုးအိမ်ပျက်စီးမှု ၁၂၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း ကောက်ယူထားသည့်မှတ်တမ်းများမှ သိရသည်။

“အခုရာသီဥတုက မိုးမရောက်ခင်ဆိုတော့ သစ်ပင်မြက်ပင်ခြောက်တွေကတစ်ဆင့် မီးကူးစက်ဖို့ ပိုလွယ် တယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်က အသေအချာစီမံပြီးမီးရှို့ခဲ့တာတော့ ထင်ရှားပါတယ်။ သူတို့အလာ ဘောလုံးကွင်းနားကိုမီးရှို့ခဲ့တယ် အပြန်ကြတော့ မလောင်သေးတဲ့ အိမ်တွေကိုပါရှို့တဲ့အတွက် အခုလို ပျက်စီးတာ ပိုများသွားတာပါ” ဟု TPAC တာဝန်ရှိသူမှ မဇ္စျိမကိုပြောသည်။

ထန်တလန်မြို့အတွင်း စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သော် လည်း ၎င်းအနေဖြင့် စစ်ရေးကိစ္စများနှင့်ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလိုခြင်းမရှိကြောင်း ဆိုသည်။

စစ်ကောင်စီတပ်သည် ကာကွယ်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်သည့်အခါတိုင်း လက်နက်ကြီးများနှင့် ပစ် ခတ်သည့်အပြင် မီးလောင်ဗုံးများဖြင့်ပါ ပစ်ခတ်သောကြောင့် ယခုကဲ့သို့ မီးလောင်ကျွမ်းရခြင်းဖြစ် ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

ထန်တလန်မြို့တွင် အိမ်ခြေ ၂၀၀၀ ဝန်းကျင်နှင့် လူဉီးရေ ၁၀၀၀၀ ကျော်နေထိုင်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲများဖြစ်ပွားပြီးနောက် ဒေသခံပြည်သူများမှာ နီးစပ်ရာကျေးရွာများ နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးခိုလှုံနေကြရကြောင်းဆိုသည်။

“ကျနော်တို့ဆီမှာ အခု အခြေခံလိုအပ်တဲ့ စားဝတ်နေရေးအပြင် ကျန်းမာရေးကိစ္စတွေ ပါရှိလာပါတယ်။ အခုလတ်တလောမှာ ပြည်တွင်း ပြည်ပ အလှူရှင်တွေထံက ထည့်ဝင်လှူဒါန်းမှုက မရှိသလောက် ဖြစ်နေ တော့ ဒီအတိုင်းဆို ဒီနှစ်မကုန်ခင် အခက်အခဲကြီးကြီးမားမားရင်ဆိုင်ရဖို့ရှိနေပါတယ်” ဟု TPAC တာဝန်ရှိ သူက ပြောကြားသည်။

အခြေခံစားသောက်ကုန် ဆန်များအား လတ်တလောထောက်ပံ့ထားနိုင်သော်လည်း တဖြည်းဖြည်း မြင့် မားလာသော ကုန်ဈေးနှုန်းကြောင့် စစ်ဘေးရှောင်များ စားဝတ်နေရေးအခက်အခဲ တွေ့ကြုံလာနေရ ကြောင်းဆိုသည်။

ထန်တလန်မြို့နယ်မှ စစ်ဘေးရှောင်များတွင် ငှက်ဖျားဖြစ်ပွားမှုများပြန်လည်တွေ့ရှိနေရပြီး မိုးရာသီ ရောက်တော့မည်ဖြစ်၍ ခြင်ထောင်နှင့် ငှက်ဖျားရောဂါအတွက်ဆေးဝါးများ အရေးပေါ်လို အပ်နေကြောင်း သိရသည်။

မေလ ၂၃ ရက် နံနက် ၆ နာရီမှစတင်ကာ စစ်ကောင်စီတပ်သားများက ထန်တလန်မြို့တွင်းသို့ ထိုးစစ် ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၂ နာရီကျော်အထိ တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီ တပ်သား ခြောက်ဉီးသေဆုံးပြီး ရှစ်ဉီးဒဏ်ရာရကာ ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်လေးဉီး ဒဏ်ရာ (မပြင်းထန်)ရရှိထားကြောင်း သိရသည်။

မေလ ၂၇ ရက်နေ့ကလည်း ညနေ ၅ နာရီမှ ည ၉ နာရီအထိ ထန်တလန်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းတို့ကို Chin National Army (CNA) နှင့် ပူးပေါင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဉီးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း CDF – Thantlang မှ ထုတ်ပြန်ထားသည်။

November 8, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် တိုက်ပွဲများအပြင်းအထန်ဖြစ်နေပြီး...
မင်းသန့်စက်သုံးဆီဆိုင်မီးလောင်ကျွမ်းမှုဖြစ်စဉ်    (ဓါတ်ပုံ- ဘိုဘိုဝင်း)
November 8, 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်က ဆီဆိုင်မီးလောင်မှုတွင် ဒဏ်ရာရသူ ၂၂ ဦးရှိခဲ့သည့်အနက် ယနေ့ (...
မင်းတပ်မြို့ရှိလူနေအိမ်ကို အောက်တိုဘာလအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးစဥ်။  ဓါတ်ပုံ - HKL ။
November 7, 2024
ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ရက်ဆက်တိုက်ခိုက်နေခြင်းသည် ပြည်သူနှင့်...
November 7, 2024
အာရက္ခတပ်တော် (AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့်...