Published
Friday, May 20, 2022
မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေ စားနပ်ရိက္ခာနဲ့ဆေးဝါးကူညီထောက်ပံ့မှုလိုအပ်
- ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေ စားနပ်ရိက္ခာနဲ့ ဆေးဝါးမလုံလောက်တာကြောင့် အခက်အခဲကြုံနေကြရပြီး ကူညီထောက်ပံ့မှု လိုအပ်နေကြပါတယ်။
- စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်တွေအသုံးပြုပြီး အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်တာကြောင့် PDF-Kalay တပ်ရင်း ၄ စခန်းကို စွန့်လွှတ်လိုက်ရပါတယ်။
- ချင်းပြည်နယ်မှာ မေလပထမပတ်အတွင်း တိုက်ပွဲပေါင်းအနည်းဆုံး ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အယောက် ၆၀ ကျော်ကျဆုံးခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF)က ထုတ်ပြန်ပါတယ်။