လက်နက်ဝယ်ယူမည့်ငွေကြေးများ လိမ်လည်သွားသည့်ကျောင်းသားကို အမည်ပျက်ကြေညာ

လက်နက်ဝယ်ယူမည့်ငွေကြေးများ လိမ်လည်သွားသည့်ကျောင်းသားကို အမည်ပျက်ကြေညာ

အာဏာရှင်တော်လှန်ပြည့်သူ့တပ်မတော် (DRPA) ထံမှ လက်နက်ဝယ်ယူရန်ပေးပို့လိုက်သည့် ငွေကျပ် သိန်း ၂၀၀ နှင့် ပစ္စတိုတစ်လက်ကို ပင်လုံနည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦးက လိမ်လည်သွား သဖြင့် အမည်ပျက်ကြေညာလိုက်ကြောင်း သိရသည်။

လက်နက်ဝယ်မည့်ငွေများကို လိမ်လည်သွားသူမှာ ပင်လုံနည်းပညာတက္ကသိုလ်မှ ကျောင်းသားဖြစ်သူ စိုင်းထက်အောင်(ခ)လင်းထင်ဖြစ်ပြီး တော်လှန်ရေးရန်ပုံငွေကို အလွဲသုံးစားပြုပြီး ထွက်ပြေးတိမ်းရှောင် နေသည့်အတွက် ပင်လုံနည်းပညာတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီက မေလ ၁၅ ရက်နေ့တွင် ရာသက်ပန် ကျောင်းရပ်နားပြီး အမည်ပျက်ကြေညာလိုက်ခြင်းဖြစ်သည်။

စိုင်းထက်အောင်ကို ပြီးခဲ့သည့် နိုဝင်ဘာအတွင်းက လက်နက်ဝယ်ရန်အတွက် DRPAမှ ငွေကြေးများ လွှဲ ပြောင်းပေးခဲ့ပြီးနောက်တွင် အဆက်အသွယ်ရရှိခြင်းမရှိတော့ ခြင်းဖြစ်သည်။ ထို့နောက် မတ်လတွင် အဆက်အသွယ် ပြန်လည်ရှိခဲ့ပြီးနောက်တွင် ၎င်းသည် လက်နက်ဝယ်ရင်း အလိမ်ခံရကြောင်း ပြောကြား ခဲ့သည်ဟု ဆိုသည်။

“သူလည်းအဆင်ပြေဘူး။ အလိမ်ခံလိုက်ရတယ်လည်း ပြောတယ်။ သူဖြေရှင်းပေးဖို့ လုပ်ပေမယ့် ထပ် အလိမ်ခံလိုက်ရတယ်တဲ့။ အဲဒီဟာတွေက အဓိပ္ပာယ်မရှိဘူး။ လိမ်တယ်ဆိုတာ အသိသာကြီးပဲ” ဟု DRPA ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

ထို့ကြောင့် DRPA အနေဖြင့် လာရောက်ဖြေရှင်းပေးရန် စာထုတ်ပြန်ခဲ့ရာ ၎င်း၏ဖခင်ဖြစ်သူက အဆိုပါ ကိစ္စကို မေလပထမအပတ်တွင် ဖြေရှင်းပေးမည်ပြောကြားခဲ့သော်လည်း လက်ရှိအချိန်ထိ ဖြေရှင်းခဲ့ခြင်း မရှိကြောင်း သိရသည်။

စိုင်းထက်အောင်သည် စာထုတ်ပြန်သည့်အခါများတွင် အဖွဲ့ထံသို့ဆက်သွယ်လာလေ့ရှိပြီး ဖြေရှင်းပေး မည် ပြောလေ့ရှိသည်ဟု ဆိုသည်။ သို့သော်လည်း ဖြေရှင်းပေးခြင်းမရှိသည့်အတွင် DRPA အဖွဲ့က ၎င်းနှင့် သက်ဆိုင်သူများကို ဖြေရှင်းပေးရန်အတွက် အကူအညီတောင်းခံကြောင်း စာထုတ်ပြန်ခဲ့သည်။

“ဒီနေ့စာထုတ်တော့ လိုင်းပေါ်တက်လာတယ်။ ခင်ဗျားတို့အဲဒီလိုလုပ်ရင် ခင်ဗျားတို့ ပစ္စည်းပြန်မရနိုင် တော့ဘူး။ လိုချင်သေးတယ်ဆိုရင် ပြန်တောင်းပန် ဘာညာလာပြောတယ်” ဟု DRPA ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။

စိုင်းထက်အောင်(ခ)လင်းထင်သည် ပင်လုံနည်းပညာကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကျောင်းသားတစ်ဦး ဖြစ်ပြီး ကျောင်းသားသမဂ္ဂအနေဖြင့်လည်း ကျန်ကိစ္စရပ်များအား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

လိမ်လည်သွားခဲ့သည့် ငွေကြေးများမှာ DRPA အဖွဲ့ တစ်ဖွဲ့တည်းပိုင်မဟုတ်ပဲ အခြားအဖွဲ့အစည်းများ၏ ငွေကြေးများလည်း ပါဝင်ကြောင်းသိရသည်။

Most read this week

November 8, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် တိုက်ပွဲများအပြင်းအထန်ဖြစ်နေပြီး...
မင်းသန့်စက်သုံးဆီဆိုင်မီးလောင်ကျွမ်းမှုဖြစ်စဉ်    (ဓါတ်ပုံ- ဘိုဘိုဝင်း)
November 8, 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်က ဆီဆိုင်မီးလောင်မှုတွင် ဒဏ်ရာရသူ ၂၂ ဦးရှိခဲ့သည့်အနက် ယနေ့ (...
မင်းတပ်မြို့ရှိလူနေအိမ်ကို အောက်တိုဘာလအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးစဥ်။  ဓါတ်ပုံ - HKL ။
November 7, 2024
ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ရက်ဆက်တိုက်ခိုက်နေခြင်းသည် ပြည်သူနှင့်...
November 7, 2024
အာရက္ခတပ်တော် (AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့်...