နွားထိုးကြီးမှာ PDF တွေ ဆက်ကြေးကောက်တယ်ဆိုတဲ့ သတင်းမှားဖြန့်

နွားထိုးကြီးမှာ PDF တွေ ဆက်ကြေးကောက်တယ်ဆိုတဲ့ သတင်းမှားဖြန့်

မန္တလေးတိုင်း နွာထိုးကြီး - တောင်သာကားလမ်းတွင် PDF တွေက ခရီးသွား ပြည်သူတွေကို ဆက်ကြေးကောက် နေတဲ့အပြင် စားသောက်စရာတွေပါ တောင်းယူနေတယ်ဆိုတဲ့ သတင်းတစ်ခုကို နှင်းဖြူဆိုသူ Facebook အကောင့်ပိုင်ရှင်က ဧပြီလ ၂၅ ရက်နေ့(ယနေ့) တွင် ဘောမ Army ဆိုတဲ့ Facebook Group မှာ တင်ထားတာကို တွေ့ရပါတယ်။

နှင်းဖြူဆိုသူက “ဧပြီလ ၂၄ ရက်နေ့တွင် မန္တလေးတိုင်း၊ နွားထိုးကြီး-တောင်သာကားလမ်းတွင် PDF အကြမ်း ဖက်များမှ စစ်ဆေးရေး အကြောင်းပြကာ ခရီးသွားကားများအား ဆက်ကြေးကောက်ပြီး စားသောက်စရာများ တောင်းယူသည် ဟု သတင်းရရှိ။ crd. ဘပုရေ” ( မူရင်းအရေးအသားအတိုင်း ) ဆိုပြီး ရေးသားထားတာကို တွေ့ရ ပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ နှင်းဖြူဆိုသူ ရေးသားထားသလိုမျိုး ရေစကြို PDF တပ်ဖွဲ့က ဆက်ကြေးကောက်နေတာ မဟုတ်ပဲ လိုအပ်ချက်အရ ခရီးသွားပြည်သူတွေကို စစ်ဆေးမှုပြုလုပ်ခဲ့တာကို ဆက်ကြေးကောက်နေတယ်ဆို ပြီး နှင်းဖြူဆိုသူက ရေးသားထားလို့ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က ရေစကြို PDF က ရေစကြို-ချောင်းဦး လမ်းမကြီးပေါ်တွင် ခရီးသွားပြည်သူတွေရဲ့  ကားတွေကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး  လိုအပ်လျှင် ရေစကြိုမြို့နယ် အတွင်းက လမ်းမကြီးတွေမှာလည်း စစ် ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ပြည်သူတွေကို မေတ္တာရပ်ခံ ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်က “ရေစကြိုမြို့နယ် ရေစကြို-ချောင်းဦးလမ်းမကြီးပေါ်တွင် လို အပ်ချက်အရ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ ကားများအား စစ်ဆေးခဲ့ပါသည်။ ပြည်သူ ကာ ကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် မှ ရေစကြိုမြို့နယ် တွင်း လမ်းမကြီးများအား လိုအပ်လျင် စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်သောကြောင့် ခရီးသွားကားများ အနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံ အပ် ပါသည်။ စစ်ရေးလိုအပ်ချက်၊ လုံခြုံရေး လိုအပ်ချက်များအရ ရေစကြိုမြို့နယ်တွင်း လမ်းများအား ပိတ်သွား မည်ဖြစ်ပီး။ Page မှ ကြိုတင်သတင်းထုတ်ပြန်ပေး သွားမည်ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။ ပြည်သူကာ ကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ် People Defense Force Yesagyo” ဆိုပြီး ထုတ်ပြန်ထားတာ ကို တွေ့ရပါ တယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်ရဲ့ ထုတ်ပြန်ချက်ကို ဒီမှာ https://bit.ly/38k3Elk ဝင်ကြည့်လို့ရ ပါတယ်။

ရေစကြို PDF က စစ်ဆေးမှု ပြုလုပ်ခဲ့တာကို နှင်းဖြူဆိုသူ Facebook အကောင့်ပိုင်ရှင်က တကယ့်မြေပြင်မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ သွေဖယ်တဲ့ အဖြစ်အပျက် အမှားတစ်ခုကို ဖန်တီးရယူကာ စာသားအမှား တွေနဲ့ လိမ်ညာ ဝါဒဖြန့် ရေးသားထားတာကို တွေ့ရပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်စစ်ကြည့်လိုက်တဲ့အခါမှာ နှင်းဖြူဆိုသူက ရေကြို PDF တပ်ဖွဲ့တွေကို ပြည်သူတွေ အထင်အမြင်မှားအောင်၊ ကြောက်အောင်၊ မယုံကြည်အောင်၊ နစ်နာအောင် ဆိုတဲ့ ရည်ရွယ်ချက် တွေနဲ့ မြေပြင်မှာ တကယ်မဖြစ်ခဲ့တဲ့ ဖြစ်စဉ် တစ်ခုကို  ဖြစ်သယောင်ယောင် ရေးသားထားတဲ့ သတင်းအမှား တစ်ခုဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

လက်ရှိကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေ အနေနဲ့ PDF တွေကို ပြည်သူတွေ အထင်အမြင်မှားအောင်၊ မထောက်ပံ့ မကူညီအောင်၊ အားမပေးအောင်၊ ကြောက်လန့်အောင် မဟုတ်မမှန် သတင်းစကားတွေကို ရည်ရွယ် ချက်ရှိရှိ ဝါဒဖြန့် ထုတ်လွှင့် ဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။

ဒါ့အပြင် သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/ သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီးရေးသားပြီး တော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုး မျိုးနဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာ နတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

Most read this week

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...