Published
Friday, April 22, 2022
မြန်မာစစ်ဘေးရှောင်တွေကို နွေးထွေးစွာလက်ခံကြိုဆိုတဲ့ မီဇိုရမ်အစိုးရနဲ့ပြည်သူကို ဂုဏ်ပြုအစီအစဉ်ပြုလုပ်
- မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေကို နွေးထွေးစွာ လက်ခံကြိုဆိုတဲ့ မီဇိုရမ်အစိုးရနဲ့ ပြည်သူလူထုအပေါ် ကျေးဇူးတင်ကြောင်း ဂုဏ်ပြုတဲ့အနေနဲ့ Chin TV Night Mizoram အစီအစဉ်တစ်ရပ်ကို အိုင်ဇောလ်မြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။
- ချင်းပြည်နယ်တောင်ပိုင်း မတူပီ-ပလက်ဝလမ်းဘက်မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၆ ရွာက ပြည်သူတစ်ထောင်ကျော် တောထဲကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
- မြန်မာနိုင်ငံက စစ်ဘေးရှောင် ၈,၀၀၀ ကျော်ကို မီဇိုရမ်ပြည်နယ်အစိုးရက ဒုက္ခသည်အသိမှတ်ပြုကတ် (Refugee ID) ထုတ်ပေးပြီးပြီလို့ သိရပါတယ်။