လာမယ့် မတ်လ (၁၃) ရက်နေ့မှာ ကျရောက်မယ့် ရှမ်းနီအမျိုးသားနေ့ကို နိုင်ငံရေးအကြပ်အတည်းတွေနဲ့ ၊ကပ်ရောဂါအခြေအနေတွေက ပွဲတော်ခမ်းခမ်းနားနား မကျင်းပနိုင်ပေမယ့် အကျဉ်းချုံ့ကျင်းပဖို့ ရှမ်းနီလူငယ်အဖွဲ့ချုပ် SNYO က တိုက်တွန်းထားပါတယ်။
ရှမ်းနီတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်အားနဲ့ နိုင်ငံ ၊ မြို့ပြ တည်ထောင်ခဲ့တဲ့ ရှမ်းနှစ် ၁၆၂၁ ခုနှစ် ၊မြန်မာ သက္ကရာဇ် ( ၈၈၈) ခုနှစ် ၊ ခရစ်နှစ် (၁၅၂၇) ခုနှစ် မတ်လ (၁၃) ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။
ဒီနှစ်က ရှမ်းနီအမျိုးသားနေ့က ( ၄၉၅) နှစ်မြောက်မှာဖြစ်ပြီးတော့ ရှမ်းနီလူငယ်တွေကျင်းပပြုလုပ်ခဲ့တာ (၅) ကြိမ်မြောက်ခဲ့ပြီဖြစ်ပါတယ်။
ဒီနှစ်အတွက် ပွဲတော်ကို မကျင်းပနိုင်ပေမယ့် အဲ့ဒီနေ့မှာ ပုဂ္ဂိုလ်တစ်ဦးချင်း ၊ တစ်ဖွဲ့ချင်း အလိုက် ရှမ်းနီအမျိုးသားအလံ အလေးပြုတာတွေ ၊ အမျိုးသားတေးသီချင်းတွေကို သီဆိုမှုတွေ နဲ့ ပြုလုပ်ကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်။
ရှမ်းနီအမျိုးသားနေ့ကို ရှမ်းနီအမျိုးသားတွေရဲ့ တည်ထောင်ခဲ့တဲ့ မြို့ပြ ရေမြေတောတောင်တွေကို ထိန်းသိမ်းတတ်ဖို့ ၊
ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို ထိန်းသိမ်းတတ်ဖို့ ၊ ရှမ်းနီလူမျိုးတွေရဲ့ သဘောဆန္ဒတွေကို ပေါင်းစည်းဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
ရှမ်းနီအမျိုးသားနေ့က မန္တလေးမြို့မှာ (၄) မြောက်ထိ ကျင်းပခဲ့ပြီးတော့ ပဥ္စမအကြိမ်မြောက်ကို ဗန်းမောက်မြို့နယ် မံအင်မကျည်းကုန်းကျေးရွာမှာ ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။