Published
Monday, December 20, 2021
နှစ်ပေါင်း ၃ဝဝ ကျော်ရှိ ရှေးဟောင်းဘုန်းတော်ကြီးကျောင်း ပြိုပျက်လုနီးပါးဖြစ်၍ အမြန်ပြုပြင်ဖို့လိုအပ် (ဒီဇင်ဘာလ ၁၉၊ ၂၀၂၁)
ဖမ်းဆီးထောင်ချခံထားရတဲ့ ရခိုင်တက္ကသိုလ်ကျောင်းသား ၄ ယောက်ကို ရခိုင်ပြည်နယ်တရားလွှတ်တော်ကနေ ထောင်ဒဏ် ၁ နှစ်လျှော့ပေါ့ ချမှတ် ပေးလိုက်ပါတယ်။
စစ်ပွဲကာလအတွင်း မီးရှို့ခံလိုက်ရတဲ့ ကျောက်တော်မြို့နယ် တောင်ပေါက်ကျေးရွာနဲ့ ဘုရားပေါင်းကျေးရွာတွေမှာ အစိုးရက တာဝန်ယူဆောက်လုပ်နေတဲ့ လူနေအိမ်တွေတည်ဆောက်မှုဟာ မပြီးပြတ်ဘဲ ရပ်တန့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှစ်ပေါင်း ၃ဝဝ ကျော်ရှိတဲ့ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းဟာ ပြိုပျက်လုနီးပါးဖြစ်နေတဲ့အတွက် အမြန်ပြုပြင်ဖို့လိုအပ်နေတယ်လို့ ဘုရားပေါ် ကျောင်းထိုင်ဆရာတော်က မိန့်ကြားပါတယ်။