Published
Saturday, December 18, 2021
ကချင်ပြည်နယ်ရှိ ကျေးလက်ဒေသတွင် ငှက်ဖျားရောဂါခံစားရသူများလာတာကြောင့် အလေးပေးကုသပေးဖို့လိုအပ် (ဒီဇင်ဘာလ ၁၈၊ ၂၀၂၁)
- ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်နဲ့ အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသတွေမှာ ငှက်ဖျားရောဂါခံစားရသူတွေ များလာနေတာကြောင့် ကုသပေးနိုင်ဖို့အတွက် အလေးပေး ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။
- ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ အသစ်ဆောက်လုပ်ထားတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ဂိတ်မှာ ညပိုင်းဖြတ်သန်းခွင့်ကန့်သတ်ထားတာကြောင့် ဒေသခံတွေအနေနဲ့ အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။
- စစ်ကောင်စီရဲ့ မြန်မာပြည်မြောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုအကြောင်း အစီရင်ခံစာနဲ့ပတ်သက်ပြီး ကချင်အမျိုးသမီးအဖွဲ့ (KWAT) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မွန်းနေလီ ကို မေးမြန်းထားပါတယ်။