Published
Monday, December 13, 2021
ဟူးကောင်းဒေသခံပြည်သူတွေရဲ့ အစုအဖွဲ့ပိုင်သစ်တောနယ်မြေမှာ သစ်ထုတ်လုပ်မှုကို ရပ်တန့်ပေးဖို့တောင်းဆို
- ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာ တစ်နိုင်ငံလုံးအဆင့် Silent Strike ဆိုပြီးသတ်မှတ်ထားချက်နဲ့အညီ ကချင်ပြည်နယ်မှာလည်း မြို့နယ်တော်တော်များများက ပါဝင်လှုပ်ရှားကြတာကို တွေ့ရပါတယ်။
- ဟူးကောင်းဒေသ လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာ ဒေသခံပြည်သူတွေရဲ့ အစုအဖွဲ့ပိုင်သစ်တောနယ်မြေ (CF)မှာ သစ်ထုတ်လုပ်နေတာကြောင့် အမြန်ဆုံး ရပ်တန့်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။
- ကချင်ပြည်နယ်မြောက်ဖျားပိုင်း ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာဒေသခံပြည်သူတွေအတွက် လိုက်လံကူညီဆေးကုသပေးနေတဲ့ CERN - Kachin အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူ ဆရာဆိုင်းဖုန်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။