မန္တလေးတိုင်း၀န်ကြီးချုပ်ကို စွဲဆိုထားသော အမှု ၂ ခု ဒီဇင်ဘာလကုန် အမိန့်ချရန်ရှိ

မန္တလေးတိုင်း၀န်ကြီးချုပ်ကို စွဲဆိုထားသော အမှု ၂ ခု ဒီဇင်ဘာလကုန် အမိန့်ချရန်ရှိ

မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို စစ်ကောင်စီက စွဲဆိုထားသော အမှုများ အနက် အဂတိမှုမှ လွဲ၍ ကျန်အမှု နှစ်ခုကို ဒီဇင်ဘာလ အကုန်တွင် အပြီးသတ် အမိန့်ချနိုင်ဖွယ် ရှိကြောင်း ရှေ့နေ ဦးကျော်ညွှန့်က မဇ္စျိမကို ပြောသည်။

အပြီးသတ် အမိန့်ချမည့် အမှု နှစ်မှုမှာ ဆူပူအောင် လှုံဆော်စေမှု ၅၀၅ (ခ) နှင့် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မ ၂၅ အမှု တို့ဖြစ်ပြီး အောင်မြေသာစံ မြို့နယ် အထူးတရားရုံး၏ မှုခင်း စီမံခန့်ခွဲမှု အစီအစဉ် (CMP) အရ ယင်းသို့ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

စစ်ကောင်စီက ဒေါက်တာ ဇော်မြင့်မောင်ကို ဆူပူအောင်လှုံဆော်စေမှုနှင့် သဘာဝဘေးအမှု အပါအ၀င် အဂတိလိုက်စားမှု ငါးမှု စုစုပေါင်း ခုနှစ်မှုဖြင့် တရားစွဲဆို ထားသည်။

အဂတိလိုက်စားမှု ငါးမှုအနက် သုံးမှုမှာ တရားလို စစ်ဆေးမှုများ ပြီးစီးသွားပြီ ဖြစ်ကာ ကျန်နှစ်မှု အတွက် တရားလို စစ်ဆေးရန် ကျန်ရှိနေသေးသည်ဟု ရှေ့နေ ဦးကျော်ညွှန့်က ဆိုသည်။

“အဂတိမှုတွေက အမှုအမှတ် (၆/၂၀၂၁)၊ (၇/၂၀၂၁) ၊ (၈/၂၀၂၁ ) အမှု သုံးမှုစလုံး တရားလို စစ်ဆေးလို့ ပြီးသွားပါပြီ။ အဲဒီအမှု သုံးမှုက သူထိုင်းကို သွားပြီး ဆေးကုတဲ့ အခါမှာ တံစိုးလက်ဆောင် ရယူတယ် ဆိုပြီးတော့ စွဲထားတဲ့ သုံးမှုပါ။ ကျန်တဲ့ နှစ်မှု ရှိသေးတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ကျန်ရှိသည့် အမှုနှစ်ခုသည် အမှုအမှတ် (၉/၂၀၂၁) နှင့် (၁၀ /၂၀၂၁ ) ဟူ၍ စွဲဆိုထားသော အမှုများ ဖြစ်ပြီး လာမည့် ၂၆ ရက်နေ့ ရုံးချိန်းတွင် တရားလို စစ်ဆေးရန် ချိန်းထားသည်ဟု ဆိုသည်။ အမှုအမှတ် (၆)၊ (၇) နှင့် (၈) တို့ကိုလည်း ယနေ့ မစစ်ဆေးနိုင်ဟုဆိုသည်။

‘’အဂတိမှု ငါးမှုစလုံး တစ်ပြိုင်တည်း ပြီးသွားအောင် သွားမှာမို့ပါ။ တရားလိုပြီးမှ တရားလိုပြ သက်သေတွေကို အမှုအလိုက် တစ်ပြိုင်တည်း စစ်သွားမယ်လို့ တရားရုံးက ဆုံးဖြတ်ချက် ချထားတယ်” ဟု ရှေ့နေ ဦးကျော်ညွှန့်က ပြောသည်။

ဒေါက်တာဇော်မြင့်မောင်သည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော အဂတိအမှုအတွက် တရားခံပြ သက်သေထွက်ဆိုရန်လည်း ရှိနေသေးသည်။

၎င်း၏ ကျန်းမာရေးသည် ကောင်းမွန်သော်လည်း ရောဂါအခံ ရှိနေသောကြောင့် ရာသီဥတု အပြောင်းအလဲတွင် နှာစေးခြင်း၊ ချောင်းဆိုးခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်နေသည်ဟု ရှေ့နေ ဦးကျော်ညွှန့်ထံမှ သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သော ရက်ပိုင်းတွင် ကရင်ပြည်နယ်၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အမှု ငါးမှုအတွက် တစ်မှုလျှင် ထောင်ဒဏ် ၁၅ နှစ်စီဖြင့် ထောင်ဒဏ် ၇၅ နှစ်၊ ကရင်ပြည်နယ် စည်ပင်သာယာရေး ၀န်ကြီး ဦးသန်းနိုင်အား စွဲဆိုထားသော အမှု ခြောက်မှုအတွက် တစ်မှုလျှင် ၁၅ နှစ်စီဖြင့် ထောင်ဒဏ် နှစ် ၉၀ ကျခံစေရန် အမိန့် ချမှတ်ခဲ့သည်။

ယင်းအပြင် တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်မောင်အား စွဲဆိုထားသည့် အမှု သုံးမှု အတွက် ထောင်ဒဏ် ၁၁ နှစ် သီးခြားစီ ကျခံစေရန် ချမှတ်ခဲ့သည်။

November 8, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် တိုက်ပွဲများအပြင်းအထန်ဖြစ်နေပြီး...
မင်းသန့်စက်သုံးဆီဆိုင်မီးလောင်ကျွမ်းမှုဖြစ်စဉ်    (ဓါတ်ပုံ- ဘိုဘိုဝင်း)
November 8, 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်က ဆီဆိုင်မီးလောင်မှုတွင် ဒဏ်ရာရသူ ၂၂ ဦးရှိခဲ့သည့်အနက် ယနေ့ (...
မင်းတပ်မြို့ရှိလူနေအိမ်ကို အောက်တိုဘာလအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးစဥ်။  ဓါတ်ပုံ - HKL ။
November 7, 2024
ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ရက်ဆက်တိုက်ခိုက်နေခြင်းသည် ပြည်သူနှင့်...
November 7, 2024
အာရက္ခတပ်တော် (AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့်...