ရခိုင်မှာ PDF နဲ့ဆက်စပ်တယ်ဆိုပြီးသံသယနဲ့ ဖမ်းဆီးခံရတဲ့အထဲမှာ အမျိုးသမီး ၃ ယောက်အထိရှိလာနေပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ကျောက်ဆိပ်ကျေးရွာသား ၅ ယောက်ရဲ့အမှုကို တရားလိုပြသက်သေ ဗိုလ်ကြီး တစ်ယောက်ထဲ မရောက်ရှိတာ ၇ လလောက်ရှိနေပြီဖြစ်ပါတယ်။ သူ့ူတစ်ယောက်ထဲကိုသာ ဆက်လက်စစ်ဆေးဖို့ကျန်ရှိတော့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်ရဲ့ အမြင့်ဆုံးတောင်တန်းတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ဘဲငါးရာတောင်တက်ပွဲကို ဒီနှစ်မှာတော့ စည်စည်ကားကား ကျင်းပသွားဖို့ စီစဉ်နေကြပါတယ်။ ဒီတောင်တက်ပွဲကိုတော့ အဓိကလူငယ်လူရွယ်တွေ ပါဝင်ဆင်နွှဲကြတဲ့အတွက် ပျော်စရာကောင်းတဲ့ တောင်တက်ပွဲတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။