Published
Sunday, October 31, 2021
အင်ဂွမ်လဒေသခံ ၅၀၀ ဝန်းကျင် ကိုဗစ်ပိုးကူးစက်ခံရတာကြောင့် ဆေးဝါးနဲ့အစားအသောက်ကူညီထောက်ပံ့မှုလိုအပ်
- ဆွမ်ပရာဘွမ်မြို့နယ် အင်ဂွမ်လဒေသအတွင်း ဒေသခံပြည်သူ ၅၀၀ ဝန်းကျင် ကိုဗစ်-၁၉ ပိုး ကူးစက်ခံနေရတာကြောင့် ဆေးဝါးနဲ့ အာဟာရဖြည့် အစားအသောက်တွေ ကူညီထောက်ပံ့မှု လိုအပ်နေတယ်လို့ တာဝန်ရှိသူဆီကနေ သိရပါတယ်။
- ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဒေသမှာ နေ့စဉ်ဆက်တိုက်ဖြစ်ပွားနေတဲ့တိုက်ပွဲကြား ဒေသခံပြည်သူတွေ စပါးရိတ်သိမ်းနိုင်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။
- ကိုဗစ်-၁၉ ရောဂါနဲ့ လက်ရှိနိုင်ငံရေးရှုပ်ထွေးမှုကြား ခက်ခဲနေတဲ့ပြည်သူတချို့ကို ကူညီထောက်ပံ့ပေးနေတဲ့ UK အခြေစိုက် Kachin Relief Fund နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။