စက်သုံးဆီဈေး မြင့်တက်နေတာကြောင့် ဆားတောင်သူတွေ အခက်တွေ့

စက်သုံးဆီဈေး မြင့်တက်နေတာကြောင့် ဆားတောင်သူတွေ အခက်တွေ့

မွန်ပြည်နယ်အတွင်းက ဆားတောင်သူတွေ စက်သုံးဆီဈေးနှုန်းမြင့်တက်နေသဖြင့် ယခုနှစ် ဆားထုတ်ရာသီမှာ အမြတ်အစွန်းနည်းကာ အရှုံးပေါ်မှာကို စိုးရိမ်မှုတွေကြောင့် အခက်တွေ့ကြုံနေရတယ်လို့ ဆားလုပ်ငန်းရှင် တွေစီက သိရပါတယ်။

မကြာမီ ကာလအတွင်း နေလှမ်းဆားဖိုလုပ်ငန်းများ စတင်လုပ်ကိုင်ရတော့မယ် ဖြစ်တာကြောင့် စက်သုံးဆီများ အဆက်မပြတ် အသုံးပြုရတော့မှာ ဖြစ်ပြီး စက်သုံးဆီဈေးနှုန်းမြင့်တက်နေသဖြင့် အမြတ်မကျန်မှာ စိုရိမ်နေကြ တယ်လို့ သိရပါတယ်။

“တောင်သူတွေမှာကျတော့ အများကြီးအခက်အခဲရှိပါတယ် စက်သုံးစီမှာကျတော့။ ခါတိုင်းဝယ်နေတာ တစ်လုံးဟာ အခုက နှစ်လုံးစာမက ဝယ်နေရတဲ့အတွက် မချောင်ဘူးလေ။ ခါတိုင်း တစ်ပီပါဆိုရင် အခုက နှစ်ပီပါဖိုးတောင်ပေးရမယ်ဆိုတော့ တော်တော်လေးကို အဆိုးရောက်သွားတာပေါ့ တောင်သူတွေမျာ တော်တော်လေးထိခိုက်သွားတယ်” လို့ ဆားလုပ်ငန်းရှင် ဦးကျော်သူက ခုလိုပြောပါတယ်။

ဆားလုပ်ကွက်တွေမှာ ဆားထွက်ရှိနှုန်းပုံမှန်းအတိုင်း ဖြစ်နေပြီး စက်သုံးဆီဈေးနှုန်းမြင့်တက်နေပေမယ့် ဆားအရောင်းအဝယ်ဈေးကွက် အတွင်းမှာက ရောင်းရလွယ်ကူတဲ့ အနေအထားမျိုးရှိတယ်လို့ ဦးကျော်သူက ဆိုပါတယ်။

“အရင်နှစ်ဈေးနဲ့ ဒီဈေးနဲ့ဆိုရင် မနှစ်ကဈေးကတော့ ၁၂၀ ဆို တူတူလောက်ပဲကျမယ်။ လက်ရှိစက်သုံးဆီနဲ့ ဆိုရင်တော့ ဆားဖိုတော်တော်များများက အဆင်မပြေဘူးလေ။ စက်သုံးဆီနဲ့ပဲ အလုပ်လုပ်နေရတာကို ဒီရာသီပွင့်ချိန်မှာဆိုရင် နောက်ထက် ၁၅ ရက် ၁ လလောက်ဆိုရင် အဆက်ပြတ်လုပ်ရတော့မယ်” လို့ ဆားလုပ်ငန်းရှင် ဦးကျော်သူက ပြောပါတယ်။

လက်ရှိစက်သုံးဆီ ဈေးနှုန်းမှာ အရင်နှစ်ထက် နှစ်ဆမြင့်တက်နေပြီး စက်သုံးဆီ ၉၅ တစ်လီတာ ၁၄၂၀ ကျပ်၊ ၉၂ တစ်လီတာ ၁၃၇၅ ကျပ်၊ ဒီဇယ် တစ်လီတာ ၁၃၀၀ ကျပ်၊ ပရီမီယမ် ဒီဇယ် တစ်လီတာ ၁၃၅၀ ကျပ် ရှိတယ်လို့ သိရပါတယ်။

ဆားကြမ်း တစ်ပိသာကို ၁၂၀ ကျပ်၊ ကြိပ်ပြီးတဲ့ဆားချော တစ်ပိသာ ၁၅၀ မှ ၁၆၀ ကျပ် အထိပေါက်ရှိပြီး ဆားကွင်း ဧက ၁၀၀ ကို တစ်ပတ်အတွင်း စက်သုံးဆီ တစ်ပီပါကျော် အသုံးပြုရတယ်လို့ သိရပါတယ်။