Published
Wednesday, October 27, 2021
ထွက်ပြေးတိမ်းရှောင်မှုတွေလုပ်ဆောင်ရင် နေအိမ်တွေကိုမီးရှို့ပစ်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပြောဆို (အောက်တိုဘာလ ၂၇၊ ၂၀၂၁)
ကေအဲန်ယူအုပ်ချုပ်နယ်မြေ သထုံနဲ့ ဘီးလင်းမြို့နယ်ကြားက ကေအဲန်ယူ တပ်မဟာ ၁ စစ်ဆေးရေးဂိတ်တစ်ခုနဲ့ လူနေအိမ်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ ကြပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က ဒေသခံရွာသားတွေကို ထွက်ပြေးတိမ်းရှောင်မှုတွေလုပ်ဆောင်ရင် နေအိမ်တွေကိုမီးရှို့ပစ်မယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်မှုတွေကိုတုံ့ပြန်နိုင်ဖို့ အမေရိကန်အစိုးရက ထိုင်းအစိုးရနဲ့ နယ်စပ်ဖြတ်ကျော်ကူညီမှုပေးနိုင်ဖို့ ဆွေးနွေးမှုကို ကရင်အရပ်ဖက်အဖွဲ့အစည်းတွေကကြိုဆိုပြီး ဒါဟာအကောင်းဆုံးလမ်းကြောင်း ဖြစ်တယ်လို့ဆိုပါတယ်။