မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ကိုဗစ် ရောဂါ ကူးစက် ဖြစ်ပွားမှုနှုန်း ကျဆင်းလာတယ်လို့ ကျန်းမာရေးဦးစီးဌာနထံက သိရပါတယ်
အရင်လတွေထက်စာရင် စက်တင်ဘာလအတွင်းမှာ ကိုဗစ်ဖြစ်ပွားမှုနှုန်း သိသိသာသာလျော့ကျလာတယ်လို့ သထုံမြိုနယ် ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းဦးက ပြောပါတယ်။
"အခုလောလောဆယ်တော့ ကိုဗစ်လက္ခဏာပေါ်တာ သိပ်မရှိတော့ဘူး။ ကိုဗစ်နဲ့ ပတ်သတ်လို့ အနံ့ပျောက်တာတို့ ဖျားတာတို့ သိပ်မရှိတော့ဘူး။ ဖြစ်တာလည်းများသွားပြီဆိုတော့ တွေ့တာလည်း တစ်ယောက်နှစ်ယောာက်လောက်ပဲရှိတော့တယ်" လို့ ဒေါက်တာသန်းဦးက ပြောပါတယ်။
ကိုဗစ်ကူးစက်မှုနှုန်းက အကျဘက်ကို ရောက်လာပေမယ့် ပြည်သူတွေအနေနဲ့မပေါ့ဆသင့်သေးဘူးလို့ တိုက်တွန်းခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းေတွကို လိုက်နာပြီး မဖြစ်မနေ Mask တပ်ဆင်ဖို့နဲ့ လက်ကိုစနစ်တကျ ဆေးဖို့ ဒေါက်တာသန်းဦးက အကြံပြုပါတယ်။
လက်ရှိ အသက်အရွယ်အလိုက် ထိုးပေးနေတဲ့ ကာကွယ်ဆေးကိုလည်း မဖြစ်မနေ လာရောက် ထိုးနှံဖို့ လိုအပ်တယ်လို့ ထပ်လောင်း ညွှန်းဆိုပါတယ်။
မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ဓာတ်ခွဲအတည်ပြုလူနာ ၄၉၈၇ ဦး၊ သေဆုံးလူနာ ၅၉၀ ဦးရှိခဲ့ပြီး စက်တင်ဘာလအတွင်းမှာတော့ အတည်ပြုလူနာ ၃၂၀၉ ဦး နဲ့ သေဆုံးလူနာ ၂၆၂ ဦးသာရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။