တိုက်ပွဲဖြစ်လာမည် စိုးရိမ်မှုကြောင့် ကန်ပက်လက်ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေ

တိုက်ပွဲဖြစ်လာမည် စိုးရိမ်မှုကြောင့် ကန်ပက်လက်ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေ

အာဏာသိမ်းစစ်ကောင်စီက စက်တင်ဘာလ ၂၅ ရက်နေ့တွင် ၂ ပတ်အတွင်း ချင်းပြည်နယ်အားလုံးကို စစ်ရေးအပြတ်ချေမူန်းမည်ဟု အမိန့်ပေးထားခြင်းကြောင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး ကန်ပက်လက်ဒေသခံ ထောင်ချီဘေးလွတ်ရာကို ထပ်မံထွက်ပြေးတိမ်းရှောင်နေသူ များပြားလာသည်ဟု ကန်ပက်လက်မြို့ခံတစ်ဦးထံမှ သိရသည်။

“ကြောက်လို့ လာမယ်၊ ပစ်ခတ်မယ် မသေချာဘူး အချိန်အရွေးဖြစ်နိုင်လို့ဆိုပြီး ထွက်ပြေးကြတယ်။ အခုကပိုများတာ ထွက်ပြေးတဲ့သူက တဖြည်းဖြည်းပိုများလာတယ်၊ မြို့ထဲက လူတွေရှိပေမယ့် တော်တော်နည်းတယ် ၁ထောင်ကျော်လောက်ပဲ ကျန်မယ်၊ တပတ်လောက်ရှိပြီး ထပ်ပြေးတဲ့သူကလည်း များလာတာ နေတဲ့သူထက်” ဟု ကန်ပက်လက်ဒေသခံတစ်ဦးက ပြောသည်။

ကန်ပက်လက်မြို့နယ်တွင် CDF-Kanpetlet နှင့် စစ်ကောင်စီတို့အကြား ပြီးခဲ့သော စက်တင်ဘာလထဲ ၂ ကြိမ် ပစ်ခတ်မှုတွေရှိပြီး နေအိမ်ပျက်စီးမှုများရှိလာသောကြောင့် ဒေသခံပြည်သူများ ကန်ပက်လက်မြို့နှင့် ၁၂ မိုင်ဝေးသော မကွေးတိုင်း၊ ဆောမြို့တွင် အိမ်းငှားနေထိုင်သူနှင့် ကျေးရွာ၊ တောင်ယာတို့တွင် စစ်ဘေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။

ကန်ပက်လက်မြို့တွင် လူဦးရေ ၁ သောင်းခွဲ ၂ သောင်းဝန်းကျင်ရှိသည်ဟု သိရပြီး လက်ရှိ မြို့တွင်းနေထိုင်သူမှာ လူဦးရေ ၁ ထောင်ကျော်သာ ကျန်ရှိနေပြီး ပြည်သူများအနေဖြင့် စိတ်လုံခြုံမှုနှင့် ပတ်ဝန်းကျင်လုံခြုံမှုမရှိသည့် အခြေအနေဖြင့် နေထိုင်နေကြရကြောင်းကိုလည်း လက်ရှိ ကန်ပက်လက်မြို့တွင်း နေထိုင်သူတစ်ဦးကလည်း ယခုလိုပြောဆိုသည်။

“လူတွေက သူသူကိုကို မနေရဲတာတော့အမှန်ပါ့ ဘယ်တော့လဲဆိုပြီး စိတ်ကမလုံခြုံတော့ဘူး၊ အခုရက်ပိုင်း တိုက်ပွဲတွေတော့မရှိဘူး၊ အခုက အဆင်ပြေတယ်ဆိုတာထက် အောင့်အီးပြီးတော့နေကြရတယ် လုံခြုံမှုမရှိတာတော့အမှန်ပဲ ညနေ ၆ နာရီနောက်ပိုင်းဆို ဘယ်သူမှ ရဲရဲတင်းတင်းနဲ့ လှမ်းမလျှောက်ရဲကြဘူး၊ အခုရက်ပိုင်းလည်း အရင်က ဖောက်ပြီးသားအိမ်တွေကိုလည်း လူမရှိတော့ ထပ်ဖောက်တယ်၊ လူရှိရင်တော့ သက်သာတာပေါ့ မနေရင်တော့ သေချာပေါက် ဖောက်တယ်။” ဟု လက်ရှိ ကန်ပက်လက်မြို့တွင်းနေထိုင်သူတစ်ဦးက ပြောသည်။

လက်ရှိ ကန်ပက်လက်မြို့ပေါ်တွင် ဆန်၊ ဆား၊ ငပိ၊ စားသုံးဆီများကိုလည်း ဝယ်ယူမည်ဆိုပါက ထွေအုပ်ရုံး၏ ထောက်ခံချက်ယူရသည့်အပြင် ဆန်တွေကိုလည်း ပြည်ဆင့်ဖြင့် အကန့်အသတ် ဝယ်ယူစားသုံးနေရသောကြောင့် ယခုလို ကြန့်ကြာလာမည်ဖြစ်ပါက စားနပ်ရိက္ခာများ ပြတ်တောက်လာမည်ကိုလည်း ပြည်သူများ စိုးရိမ်မှုတွေရှိနေကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီမှ စက်တင်ဘာလ ၂၃ ရက်နေ့ညနေ ၆ နာရီခန့်ကစပြီး ချင်းပြည်နယ်အတွင်း မြို့နယ် (၉) မြို့နယ်တွင် ဆက်သွယ်ရေး အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့ပြီး ယနေ့အထိ အင်တာနက်လိုင်းများ အသုံးပြု၍ မရရှိသေးခြင်းဖြစ်သည်။

 
 

 

 

Most read this week

November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...
November 7, 2024
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့်...
November 7, 2024
ချင်းတောင်ခြေ၊ စစ်ကိုင်းတိုင်း ကလေးမြို့မှာ အခြေခံစားသောက်ကုန်ပစ္စည်းများ နေ့စဉ်နှင့်အမျှ...
November 6, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာဘက်ကို ပို့ဆောင်မည့် ဖောက်ကွဲရေးပစ္စည်းတချို့ကို...