Published
Wednesday, October 06, 2021
ထိုင်း-မြန်မာငွေလဲဈေးမတည်ငြိမ်၍ မြဝတီနယ်စပ်ကတဆင့် ထိုင်းကုန်ပစ္စည်းတင်သွင်းမှု အရင်ကထက်နည်းပါးလာ (အောက်တိုဘာလ ၀၆၊ ၂၀၂၁)
ကရင်ပြည်နယ်၊ ကော့ကရိတ် အာရှလမ်းမှာ စစ်ကောင်စီတပ်နဲ့ ခွဲထွက်ဒီကေဘီအေ တပ်ဖွဲ့ဝင်တို့ နှစ်အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။
လတ်တလော မြန်မာငွေကြေးကျဆင်းလာပြီး နယ်စပ်မှာ ထိုင်း-မြန်မာငွေလဲဈေးကွက် မတည်မငြိမ်ဖြစ်နေတာကြောင့် မြဝတီနယ်စပ်ကတဆင့် ထိုင်းကုန်ပစ္စည်းတွေတင်သွင်းမှု အရင်ကထက် နည်းပါးလာပါတယ်။
လတ်တလော ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာမှာ စစ်ကောင်စီရဲ့ ပြောဆိုလုပ်ဆောင်ချက်တွေဟာ အပြောနဲ့အလုပ်မကိုက်ညီသလို လက်တွေ့လည်းမကျဘူးလို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဖက်က ဝေဖန်ထောက်ပြလိုက်ပါတယ်။