ဆန်ဈေးနှုန်း ဆက်လက်မြင့်တက်လာနိုင်

ဆန်ဈေးနှုန်း ဆက်လက်မြင့်တက်လာနိုင်

စစ်တပ်အာဏာသိမ်းတာအပါအဝင် ကိုဗစ်တတိယလှိုင်းနဲ့ စပါးမပေါ်သေးတဲ့အတွက်ကြောင့် ဆန်ဈေးနှုန်း ဆက်လက်မြင့်တက်လာနိုင်တယ်လို့ မွန်ပြည်နယ် ဆန်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဆန်ဈေးနှုန်းဟာ ပြီခဲ့တဲ့ ဧပြီလကတည်းက တဖြည်းဖြည်း မြင့်တက်လာခဲ့တာဖြစ်ပြီး နောက် ၂ လလောက်ထိ ဆန်ဈေးနှုန်း ဆက်တိုက်မြင့်တက်လာနိုင်ပါတယ်။

ပေါ်ဆန်း (ဆန်သား ၉၀) တစ်အိတ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့မှာ ကျပ် ၃၉၆၀၀ ရှိခဲ့ရာမှ သြဂုတ် ၉ ရက်နေ့မှာ ၄၃၄၀၀ ထိ ဈေးမြင့်တက်လာခဲ့တာပါ။

ဒါအပြင် ဧည့်မထ ဆန်ကြမ်း (ဆန်သား ၉၀) တစ်အိတ်ဟာ ကျပ် ၂၇၀၀၀ မှ ကျပ် ၂၉၀၀၀ ထိ ဈေးနှုန်းမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆန်အမျိုးအစားအပေါ်မူတည်ပြီး ဆန်တစ်အိတ် ကျပ် ၃၀၀၀ ကနေ ၅၀၀၀ လောက်ထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

"အခုက စပါးစိုက်ပျိုးပြီးချိန်ဖြစ်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာက နှစ်စဉ်ဖြစ်နေကြပဲ၊ ဘာလည်းဆိုတော့ စပါးစစိုက်တဲ့ရာသီနဲ့ စပါးထွက်တဲ့ရာသီနဲ့ မတူဘူး၊ စပါးထွက်ပြီးဆိုတာနဲ့ ဈေးတွေက ကျသွားတယ်၊ ဒါပေမယ့် ဆန်ကတော့ နောက် ၂ လလောက်ထိ နည်းနည်းစီ တက်သွားဦးမယ်" လို့ မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခိုင်ဦးက ဆိုပါတယ်။

လက်လီဈေးကွက်မှာ ဆန်အမျိုးအစားပေါ်မူတည်ပြီး အရင်ကထက် တစ်အိတ်ကို ကျပ် ၅၀၀၀ မှ ၈၀၀၀ လောက်ထိ ဈေးနှုန်းမြင့်တက်နေတာ ဖြစ်ပါတယ်။

အခုလို ဆန်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းအတွင်း အလုပ်အကိုင် အခက်အခဲရှိတဲ့ အခြေခံလူတန်စားတွေမှာ စားဝတ်နေရေးအခက်အခဲ ရှိလာကြပါတယ်။

"ကျွန်တော်တို့က ဆန်ကို ဗူးနဲ့ပဲ ဝယ်စားနေရတာပါ၊ အခုက ရောဂါကြောင့် အလုပ်မရှိဖြစ်နေတာ တစ်လကျော် နှစ်လလောက် ရှိနေပြီပေါ့၊ လက်ရှိက ချေးဌားပြီးစားနေရတာ၊ ဆန်ဈေးကလည်း ဝယ်လိုက်တိုင်း အတက်နေတာကြီးပဲ" လို့ အခြေခံလူတန်းစား ပြည်သူတစ်ဦးက ဆိုပါတယ်။

မွန်ပြည်နယ်မှာ စပါးစိုက်ဧက ၇ သိန်းနီးပါးရှိနေတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး နှစ်စဉ် စပါးတင်းပေါင်း သိန်း ၄၃၀ ကျော် ထွက်ရှိနေပါတယ်။

 
 

 

 

Most read this week

December 15, 2025
အာဏာသိမ်း စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေး‌ကောက်ပွဲကနေ ပေါ်လာမယ့်...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 10, 2025
+++  ဖုံးကွယ်ထားရသည့် မျက်ရည်များ +++ ကရင်နီ စစ်ဘေးရှောင် တစ်ဦး ဖြစ်သူ ဒေါ်ကားခူဖောက...