၂၁ မိုင်ဂိတ်ကို သွားရောက်ပစ်ခတ်ခဲ့ကြောင်း KIA ပြော

၂၁ မိုင်ဂိတ်ကို သွားရောက်ပစ်ခတ်ခဲ့ကြောင်း KIA ပြော
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ် မြစ်ကြီးနားအဝင် မရမ်းကျေးရွာအထက်ရှိ စစ်ကောင်စီ၏ ၂၁ မိုင် စုပေါင်းဂိတ်ကို ယနေ့ (ဇွန် ၃၀ ရက်) နံနက် ငါးနာရီဝန်းကျင်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

"တပ်ရင်း (၁၁) က သွားရောက်ပစ်ခတ်ခဲ့တယ်လို့ဘဲ သိရသေးတယ်။ ကျန်တာအသေးစိတ် မသိရသေးဘူး" ဟု KIO ဗဟိုပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးဦးနော်ဘူက အတည်ပြုပြောဆိုသည်။

 

ပစ်ခတ်ဖြစ်ပွားမှုတွင် ရဲသားတစ်ဦးသေဆုံးပြီး တစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိကာ ဂိတ်အနီးရှိ ပြည်သူတစ်ဦးလည်း သေဆုံးသွားကြောင်း ဂိတ်နှင့် အနီးတွင်ရှိသော မရန့်ဒေသခံတစ်ဦးက ပြောသည်။

 

“ပစ်ခတ်မှုဖြစ်သွားတာက မနက် ငါးနာရီလောက်မှာဖြစ်တယ်။ လက်နက်ကြီးသံ၊ သေနတ်သံတွေ အစုံကြားရတယ်။ အချိန်က ၄၅ မိနစ်လောက်ကြာတယ်။ ရဲတစ်ဦး ပွဲချင်းပြီးသေသွားတယ်လို့ ကြားရတယ်။ တစ်ဦးက ပေါင်တစ်ဖက်မှာ ဒဏ်ရာရသွားတယ်တဲ့။ နောက်ပြီး အနီး ဂိတ်အနီးမှာရှိတဲ့ အမျိုးသားတစ်ဦးလည်း ကျည်ထိမှန်သေသွားတယ်လို့ကြားရတယ်” ဟု ၎င်းကပြောသည်။

 

၂၁ မိုင်ဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် လက်ရှိဂိတ် အဝင်/အထွက်ကို ပိတ်ထားကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...