ဗန်းမော်မြို့တွင် သူနာပြုဆရာမအပါအဝင် အမျိုးသမီးသုံးဦး၌ ကိုဗစ်ပိုးတွေ့

ဗန်းမော်မြို့တွင် သူနာပြုဆရာမအပါအဝင် အမျိုးသမီးသုံးဦး၌ ကိုဗစ်ပိုးတွေ့
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် သူနာပြုဆရာမအပါအဝင် အမျိုးသမီးသုံးဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း ပိုးတွေ့လူနာများနှင့် နီးစပ်သူများထံမှ သိရသည်။

“တစ်ယောက်က ဗန်းမော်ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုဆရာမတစ်ဦး ပြီးတော့ ဆရာမရဲ့သမီး နောက်တစ်ယောက်က သူ့ဝမ်းကွဲညီမ၊ စုစုပေါင်း သုံးယောက်မှာ တွေ့တာဟုတ်တယ်” ဟု ပိုးတွေ့လူနာနှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါ ပိုးတွေ့လူနာသုံးဦးသည် မံစီမြို့နယ်၊ မံစီစခန်းကြီးရွာမှ ပြန်လာချိန်အနံမရသဖြင့် ဆေးစစ်ဆေးခဲ့ရာတွင် သုံးဦးစလုံးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ယင်းပိုးတွေ့ရှိသူသုံးဦးအားသည် ဗန်းမော်ဆေးရုံတွင် ဆေးကုသမူခံယူနေကာ ၎င်းနှင့်ဆက်စပ်သူများကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

"ဖြစ်နိုင်ရင်တော့ အရင်ကလို ကိုဗစ်နဲ့ပတ်သက်ပြီး ဆေးစစ်တာတွေ၊ ကြပ်မတ်တာတွေတော့ ထိထိရောက်ရောက် ပြန်လုပ်နိုင်ရင်တော့ ပိုကောင်းမယ်။ မဟုတ်ရင်တော့ ဒီတစ်ခေါက် ပိုးကူးစက်မူက ပိုမြန်သွားနိုင်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ တတိယလှိုင်း ပြန်လည်မြင့်တက်လာသည်နှင့်အမျှ ကချင်ပြည်နယ်တွင်လည်း စစ်ကောင်စီ၏ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ပိုးတွေ့ရှိသူဦးရေ ၂၀ ကျော်ထိ ရှိလာပြီဖြစ်သည်။

ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၃ ရက်အထိ ပိုးတွေ့အတည်ပြုလူနာပေါင်း ၁၀၄၅ ဦးရှိခဲ့သည့်အနက် ဗန်းမော်မြို့တွင် ကိုဗစ်ပိုးတွေ့လူနာ တစ်ဦးသာရှိခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...