မိုးညှင်းမြို့နယ် အင်းတော်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း မီးရှို့ခံရ

မိုးညှင်းမြို့နယ် အင်းတော်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း မီးရှို့ခံရ

မိုးညှင်းမြို့နယ် အင်းတော်ကြီးမြို့ (ယခင်လုံးတုံရွာ) အခြေခံပညာအထက်တန်းကျောင်း မီးရှို့ခံရကြောင်း သိရသည်။

အဆိုပါ ကျောင်းမီးရှို့ခံရမှုသည် ဇွန်လ ၉ ရက် ည ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ထပ်ကျောင်းဆောင်တစ်ဆောင်နှင့် ဟောခန်းတို့ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

“ဘယ်လိုလောင်လဲတော့မသိဘူး။ ဘယ်သူပဲရှို့ရှို့ စာသင်းကျောင်းတွေနဲ့အပါအ၀င် အ‌ခြေခံကျတဲ့ အဆောက်အဦးတွေကိုတော့ ရှောင်သင့်တယ် လုပ်တဲ့သူကို လက်လဲမခံဘူး” ဟု အင်းတော်ကြီးမြို့ ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ အထက်တန်းကျောင်းသည် ကျောင်းဖွင့်သည်မှာ သုံးရက်သာရှိပြီး ကျောင်းသား/ကျောင်းသူ ပုံမှန် ၅၀၀ ကျော်ရှိသော်လည်း ယခုနှစ်တွင် ကျောင်းသား ၂၀၀ ဝန်းကျင် တက်ရောက်နေခြင်းဖြစ်ကာ ဆန္ဒပြမှုများလဲဖြစ်ပေါ်နေကြောင်း သိရသည်။

“အဲဒီစာသင်ကျောင်းက လုံတုံ စစ်တပ်စခန်းနဲ့လဲနီးတယ်။ ရဲစခန်းနဲ့လဲနီးတယ်ဗျ။ မီးလောင်တာကလည်း ည ၁၀ ဆိုတော့ လောင်တာကို ကျွန်တော်တို့သိတယ်။ ဒါပေမယ့် သွားမကူရဲဘူး။ အညိုးခံရမှာလဲကြောက်တယ်။ အပစ်ခံရမှာလဲကြောက်တယ်။ နှမျောတာတော့နှမျောတာပေါ့ဗျ။ ကိုယ်တက်ခဲ့တဲ့ကျောင်းလေ” ဟု အဆိုပါကျောင်း၏ ကျောင်းသားဟောင်းတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက၍ လုံတုံ ယ်မြေရဲစခန်းတွင် (ပ) ၁၉/၂၀၂၁ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၃၆ ဖြင့် အင်တော်ကြီးမြို့ အထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဦးကြည်တိုးက တရားလိုပြုလုပ်ကာ အမှုဖွင့်ထားပြီးထားကြောင်း သိရသည်။

ဇွန် ၈ ရက်ကလည်း မိုးညှင်းမြို့နယ်ရှိ နားခါအထက်တန်းကျောင်း၊ မြို့သစ်ကလေးကျေးရွာ အထက်တန်းကျောင်းတို့ မီးရှို့ခံရသဖြင့် မိုးညှင်းမြို့နယ်တွင် တစ်ပတ်အတွင်း မီရှို့ခံရသည့်စာသင်ကျောင်း သုံးကျောင်းရှိပြီဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...