ကချင်ပြည်နယ် ဆွမ်ပရာဘွမ့်မြို့နယ်၊ ဆွမ်ပီယာန်ကျေးရွာအုပ်စုရှိ အုပ်ရေးမှူးများနှင့် ဆယ်အိမ်မှူးတို့ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးမှု လူသားဒိုင်းပြုလုပ်ရန်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
၎င်းအုပ်ချုပ်မှူးများကို ဇွန်လ ၅ ရက် နံနက် ၇ နာရီခန့်အချိန်တွင် အစည်းအဝေးပြုလုပ်မည်ဟုဆိုကာ စာသင်ကျောင်းတွင်းခေါ်ယူ၍ အစည်းအဝေးတက်လာသည့် ၂၀ ဦးထက်မနည်းကို ကားပေါ်တင်ကာ ပူတာအိုဘက်သို့ ခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးကပြောသည်။
ဖမ်းဆီးခေါ်ဆောင်သွားသည့် အကြောင်းအရင်းမသိရသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက အင်ဆိုင်းယန်ကျေးရွာဘက်သို့ စစ်ရေးလှုပ်ရှားရန် ရောက်ရှိလာသည့်တပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းနှင့် အပြန်လမ်းတွင် ၎င်းတို့လုံခြုံစေရေးအတွက် အုပ်ချုပ်ရေးမှူးများကို လူသားဒိုင်းအဖြစ် အသုံးပြုရန် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ယုံကြည်လျက်ရှိသည်။
ဆွမ်ပီယာန်ကျေးရွာအုပ်စုတွင် ဝဒတ်ယန်၊ အင်စီယန်၊ အင်ဆိုင်းယန် စသော ကျေးရွာများပါဝင်သည်။
Published
Monday, June 07, 2021
အာဏာသိမ်းစစ်တပ်က ဆွမ်ပီယာန်ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးများဖမ်းဆီးမှု လူသားဒိုင်းအဖြစ် အသုံးပြုရန်ဖြစ်ဟု သတင်းများထွက်ပေါ်