ကျောင်းပေါင်း ၁၅၀၀ ကျော်ရှိသည့် ချင်းပြည်နယ်တွင် ကျောင်းသူ/ကျောင်းသား ၄၀၀၀ ကျော်သာ ကျောင်းတက်

ကျောင်းပေါင်း ၁၅၀၀ ကျော်ရှိသည့် ချင်းပြည်နယ်တွင် ကျောင်းသူ/ကျောင်းသား ၄၀၀၀ ကျော်သာ ကျောင်းတက်

ဇွန် ၁ ရက်နေ့ကစပြီး အာဏာသိမ်းစစ်ကောင်စီက အခြေခံပညာကျောင်းများကို ဖွင့်လှစ်ရာတွင် ချင်းပြည်နယ်တွင်လည်း ကျောင်းသူ၊ ကျောင်းသား ၄၀၀၀ ကျော် ကျောင်းတက်ရောက်လျက်ရှိကြောင်း ချင်းပြည်နယ် ပညာရေးမှူးက ပြောသည်။

 

“ကျွန်တော်တို့ တစ်ပြည်နယ်လုံးမှာတော့ တကယ်တက်တဲ့သူကတော ၄၅၇၃ ယောက်ပေါ့နော်။ ကျောင်းအပ်တဲ့သူကတော့ တစ်သောင်းကျော်အပ်တာ။ ဒါပေမယ့် ဒီလောက်တက်တယ်ဆိုတော့ ၃၃ ရာခိုင်နှုန်းပတ်ဝန်းကျင်ပဲရှိမှာပေါ့။ လာအပ်တဲ့သူတိုင်းကလည်း မတက်ဘူး။ အပ်တော့အပ်တယ် တကယ်တက်တဲ့သူကတော့ အဲ့လောက်ပဲ” ဟု ပညာရေးမှူးက ပြောသည်။

 

ချင်းပြည်နယ်တွင် မြို့နယ်အလိုက် ကျောင်းတက်ရောက်မှုမှာ ဟာခါးတွင် ၇၈ ယောက်၊ ဖလမ်းတွင် ၄၇၄ ယောက်၊ တီးတိန်တွင် ၁၅၈၂ ယောက်၊ မတူပီတွင် ၇၂ ယောက်နှင့် ပလက်ဝတွင် ၂၃၆၇ ယောက်တို့ဖြစ်ပြီး မင်းတပ်၊ ကန်ပလက်၊ ထန်တလန်၊ တွန်းဇံမြို့နယ်တို့တွင်မူ ကျောင်းတက်ရောက်သူမရှိကြောင်း သိရသည်။

 

ချင်းပြည်နယ်တွင် ယခင်ပညာသင်နှစ် စာရင်းများအရ ကျောင်းသူ/ကျောင်းသားစုစုပေါင်း တစ်သိန်းဝန်းကျင်ခန့်ရှိရာတွင် စစ်ကောင်စီလက်ထက် ကျောင်းဖွင့်ရာသီမှာ ကျောင်းသူကျောင်းသား ၁၃၀၃၂ ယောက် ကျောင်းအပ်နှံခဲ့ကြပြီး ၎င်းတို့အနက် ကျောင်းသူ/ကျောင်းသား ၄၅၇၃ ယောက်က ကျောင်းတက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

 

ချင်းပြည်နယ်တွင် မြို့နယ် ၉ မြို့နယ်ရှိပြီး လက်ရှိတွင် ကျောင်းဖွင့်ကာ ကျောင်းစာသင်ကြားနိုင်သောမြို့နယ်မှာ ၅ မြို့နယ်ရှိသော်လည်း အာဏာသိမ်းဆန့်ကျင်လှုပ်ရှားမှု CDM တွင်ပါဝင်သော ဆရာ၊ ဆရာမ များသည့်ကျောင်းများ မဖွင့်လှစ်ကြောင်း ချင်းပြည်နယ် ပညာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။

 

“တချို့ CDM ဝင်တဲ့ ကျောင်းဆရာ၊ ဆရာမ များတဲ့ကျောင်းတွေက မဖွင့်နိုင်ဘူး။ တစ်ယောက်တစ်လေ ကျန်တဲ့ဟာတွေကို ဥပမာ - ဟားခါးအနေနဲ့ဆိုရင် ရဲကုန်း၊ တပ်ကျောင်းတို့မှာ တွဲဖက်နဲ့သင်ကြားရေးလုပ်နိုင်အောင် လုပ်ပေးထားတာပေါ့၊” ဟု လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။

 

ချင်းပြည်နယ် တစ်ပြည်နယ်လုံးတွင် အစိုးရစာသင်ကျောင်းပေါင်း ၁၅၁၆ ကျောင်း၊ ကျောင်းဆရာ/ဆရာမ စုစုပေါင်း ၉၆၆၇ ဦးခန့်ရှိခဲ့သော်လည်း အာဏာသိမ်းဆန့်ကျင်မှု CDM တွင်ပါဝင်သော ကျောင်းဆရာ၊ ဆရာမ ၄၂၃၇ ဦး တာဝန်မှ ရပ်ဆိုင်းခံထားရကြောင်းလည်း သိရသည််။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...