စစ်ကောင်စီတပ်နှင့် Mindat-CDF တို့ ချင်း-မကွေးနယ်စပ်တွင် ပစ်ခတ်မှုဖြစ်၊ စကစဘက်က အနည်းဆုံး ၃ ဦးသေဆုံး

စစ်ကောင်စီတပ်နှင့် Mindat-CDF တို့ ချင်း-မကွေးနယ်စပ်တွင် ပစ်ခတ်မှုဖြစ်၊ စကစဘက်က အနည်းဆုံး ၃ ဦးသေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် မကွေးတိုင်းဒေသကြီးနယ်စပ် ရွှေအောင်သာကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် Mindat-CDF ပြည်သူ့ကာကွယ်ရေးတပ်များအကြား ယနေ့ (ဇွန် ၃ ရက်) နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က အနည်းဆုံး ၃ ယောက်မှ ၇ ယောက်အထိ သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

 

အင်အား ၆၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇွန် ၂ ရက် ည ၁၀ ဝန်းကျင်ခန့်က ရွှေအောင်သာကျေးရွာရှိ ဘုန်းကြီးကျောင်းတွင်တပ်စွဲထားခဲ့ပြီး ယနေ့ (မေ ၃ ရက်) နံနက်ပိုင်း ၅ နာရီခွဲမှ ၇ နာရီဝန်းကျင်ခန့်အထိ Mindat-CDF နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

 

ယနေ့မနက် ပစ်ခတ်မှုတွင် Mindat-CDF ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်းသိရပြီး အခြားသောဒေသများတွင် ပစ်ခတ်မှုမရှိသေးသော်လည်း မင်းတပ်မြို့နယ် ထင်ချောင်းဘက်တွင်လည်း နှစ်ဖက်တပ်ဖွဲ့အနေဖြင့် အသင့်အနေအထားတွင်ရှိနေကြသည်ဟု သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...