SNA ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်စဝ်ခွန်ကျော် ကျဆုံးမှုအပေါ် ဟုမ္မလင်းမြို့နယ်လုံးဆိုင်ရာ နွေဦးတော်လှန်ရေးဦးဆောင်ကော်မတီ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

SNA ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်စဝ်ခွန်ကျော် ကျဆုံးမှုအပေါ် ဟုမ္မလင်းမြို့နယ်လုံးဆိုင်ရာ နွေဦးတော်လှန်ရေးဦးဆောင်ကော်မတီ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်စဝ်ခွန်ကျော် ကျဆုံးခြင်းနှင့်ပတ်သက်၍ ဝမ်းနည်းကြောင်း သဝဏ်လွှာကို ဟုမ္မလင်းမြို့နယ်လုံးဆိုင်ရာ နွေဦးတော်လှန်ရေးဦးဆောင်ကော်မတီက ဇွန် ၁ ရက်တွင် ပေးပို့ခဲ့ကြောင်းသိရသည်။

အဆိုပါ ၀မ်းနည်းကြောင်းသ၀ဏ်လွှာတွင် ဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ်စဝ်ခွန်ကျော် ကျဆုံးသွားမှုသည် ရှမ်းနီလူထုအတွက် အစားထိုးမရသော ဆုံးရှုံးမှုဖြစ်သည့်အပြင် စစ်အာဏာရှင်ကျဆုံးရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေး လူထုတိုက်ပွဲအတွက် ကြီးမားသောဆုံးရှုံးမှုဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

ရှမ်းနီအမျိုးသားများတပ်မတော် SNA ၏ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်စဝ်ခွန်ကျော်သည် ယမန်နေ့နံနက် ၉ နာရီအချိန်တွင် မသမာသူတစ်ဦး၏ လုပ်ကြံမှုကြောင့် ကျဆုံးသွားခြင်းဖြစ်ပြီး စစ်ကောင်စီမှ လုပ်ကြံခြင်းဖြစ်ကြောင်း SNA က ပြောဆိုထားသည်။

အဆိုပါလုပ်ကြံမှုကြောင့် ဗိုလ်ချုပ်စဝ်ခွန်ကျော်နှင့်အတူ SNA တပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လုပ်ကြံသူအား အသေဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။

ဗိုလ်ချုပ်စဝ်ခွန်ကျော်သည် ၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS /SSA တွင် ဗဟိုကော်မတီဝင်တစ်ဦးအဖြစ်လည်းကောင်း တပ်မဟာ ၂၄၁ တပ်မဟာမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး လွယ်တိုင်းလျန်ဌာနချုပ်ကို တည်ထောင်စဉ်က ၀င်ခဲ့သူလည်းဖြစ်ပြီး ၂၀၀၆ ခုနှစ် ဇန်နဝါရီလတွင် မိမိတို့ရှမ်းနီအမျိုးသားများ တန်းတူအခွင့်အရေးအတွက် သီးခြားတပ်မတော်တည်ထောင်ရန် မြန်မာပြည်မြောက်ပိုင်းသို့ ချီတက်လာစဉ် သတင်းပေါက်ကြားမှုကြောင့် ဗမာ့တပ်မတော်၏ ပိတ်ဆို့ဖမ်းဆီးခြင်းကိုခံရပြီး ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နမ့်တီးရွာအနီးတွင် ဖမ်းဆီးခြင်းခံရပြီး သေဒဏ်လေးကြိမ် အပြစ်ပေးခြင်းခံရသည်။

 

၂၀၁၈ ခုနှစ် ဧပြီ ၁၇ ရက်တွင် သမ္မတဦးဝင်းမြင့်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာပြီး ရှမ်းနီအမျိုးသားတပ်မတော် SNA တွင် ဒုတိယစစ်ဦးစီးချုပ်အဖြစ် ပြန်လည်၍ တာဝန်ထမ်းဆောင်ခဲ့ကြောင်းနှင့် ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။

 

ဗိုလ်ချုပ်စဝ်ခွန်ကျော်သည် စိတ်သဘောထားနူးညံ့သူဖြစ်ကြောင်း ၎င်းနှင့်အတူ တာဝန်ထမ်းဆောင်ဖူးသူများက ပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...