စစ်ကောင်စီတပ်နှင့် ကလေးမြို့PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဖက်က နှစ်ဦးသေဆုံး

စစ်ကောင်စီတပ်နှင့် ကလေးမြို့PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဖက်က နှစ်ဦးသေဆုံး

ကလေးမြို့နယ် သာစည်ကျေးရွာဖက်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ကလေးမြို့ PDF အဖွဲ့များ ယနေ့(မေ ၃၁ ရက်) မနက် ၅ နာရီကျော်က စတင်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက် ကနှစ်ဦးသေဆုံးကြောင်းသိရသည်။

 

"လက်ရှိမှာတော့ အပစ်အခတ်ကတော့ ရပ်ထားတယ်။ မနက်ပိုင်းကနေတော့ စပစ်ကြတယ်။ တပ်ဖက်ကတော့ အုပ်ချုပ်ရေးမှူးရုံးမှာ တပ်ဆွဲထားတယ်။ ပြည်သူအချို့တော့က ထွက်ပြေးကြတယ်။ ဒလန်တွေကလည်း နာမည်စာရင်းနဲ့ အတိအကျ တိုင်ထားတာဆိုတော့ ပြေးရတာပေါ့။ မနက်စပစ်တဲ့အချိန်မှာတော့ စစ်တပ်ဖက်က သေနတ်တွေဆွဲပစ်ကြတယ်။ ရွာထဲမှာလည်း အဲလိုဖြစ်နေတာ" ဟု ဒေသခံတစ်ဦးကပြောသည်။

 

လက်ရှိအချိန်မှာတော့ ရွာထဲတွင် အာဏာသိမ်းစစ်ကောင်စီက ဆက်လက်နေရာယူထားပြီး အိမ်ထဲဝင်ဆွဲခံရသူ ပြည်သူ ခြောက်ဦးလောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

 

သာစည်ပစ်ခတ်မှုကြောင့် ကလေးမြို့ထဲတွင်လည်း အာဏာသိမ်းစစ်ကောင်စီက လုံခြုံရေးထပ်မံဖြည့် ထားပြီး ဗိုလ်ချုပ်လမ်းမပေါ်တွင် အသွားအလာနည်းကာ အနည်းငယ်တိတ်ဆိတ်နေရကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...