ဖားကန့်တွင် လူမှုရေးတက်ကြွလှုပ်ရှားလူငယ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ဖားကန့်တွင် လူမှုရေးတက်ကြွလှုပ်ရှားလူငယ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
by -
ခေါင်ညွယ် (KNG)

ဖားကန့်၊ စပေါ့ကျေးရွာတွင် လူမှုရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

 

ယနေ့ (မေ ၂၅ ရက်) နံနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်က ၎င်း၏နေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ပြီး မည်သည့်အဖွဲ့ကလုပ်သည်ကို မသိရှိရသေးကြောင်း နီးစပ်သူတစ်ဦးထံမှ သိရသည်။

 

“ကလေးက အရမ်းလိမ္မာပြီး လူမှုရေးတက်ကြွသူတစ်ဦးဖြစ်တယ်။ ဘာကြောင့် အခုလိုပစ်ခံရတယ်ဆိုတာက မသိရသေးဘူး။ ဒီမနက် သေနတ်ပစ်ခံလိုက်ရတာနဲ့ တစ်ခါတည်း ဆေးခန်းကိုခေါ်သွားတာ ဟုတ်တယ်။ ဒါပေမယ့် မရခဲ့ဘူး။ အခုက ရဲတွေလာစစ်နေတယ်” ဟု ၎င်းကပြောသည်။

 

လက်ရှိတွင် မည်သည့်အဖွဲ့အစည်းမှ ပစ်သတ်သွားသည်ကို မသိရသေးကြောင်းနှင့် ပစ်သတ်ခံရသည့် လူငယ်၏ အရှေ့ဘက်ခြမ်း ပခုံးတွင် သေနတ်ဒဏ်ရာ သုံးချက်တိတိတွေ့ရပြီး နှာခေါင်းမှလည်း သွေးများထွက်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည့်လူငယ်မှာ အသက် ၂၅ နှစ်အရွယ်ရှိ ကိုနေမင်းထွန်းဖြစ်ပြီး တံခါး (Chying Hka) လူမှုကူညီရေးအသင်း တွင် ပါဝင်လှုပ်ရှားသူဖြစ်ကြောင်း သိရသည်။

 

သေဆုံးသွားသည့် ကိုနေမင်းထွန်းမှာ လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားမှု ကင်းရှင်းသူတစ်ဦလည်းဖြစ်ကြောင်း မိသားစုထံမှသိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...