စည်သာရွာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခဲ့

စည်သာရွာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခဲ့

ကလေးမြို့နယ်တောင်ပိုင်း စည်သာရွာဘက်တွင် ယနေ့ (မေ ၂၁ ရက်) မနက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ယာဉ်တန်းဖြင့်လာ၍ သေနတ်များ မိုးပေါ်ထောင်ပစ်ဖောက်ခဲ့ကြောင်း စည်သာကျေးရွာဒေသခံတစ်ဦးကပြောသည်။

 

"ဘယ်ကဗုံးလဲတော့မသိဘူး။ ပေါက်ကွဲတယ်။ ပေါက်ကွဲတော့ မနေ့ည ဟံသာဝတီမှာ ညအိပ်တဲ့ စစ်ကောင်စီအဖွဲ့တွေကလာပြီး စည်သာမြို့ထဲတွေမှာ သူတို့က သေနတ်တွေ မိုးပေါ်ထောင်ပစ်ပြီး ခြိမ်းခြောက်နေကြတယ်" ဟု စည်သာကျေးရွာဒေသခံတစ်ဦးက ပြောသည်။

 

အဆိုပါ အာဏာသိမ်းစစ်ကောင်စီမှ သေနတ်များ မိုးပေါ်ထောင်ပစ်ဖောက်ခြမ်းခြောက်မှုကြောင့် သေနတ်ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ၎င်းကဆက်လက်ပြောသည်။

 

အာဏာသိမ်းစစ်ကောင်စီအဖွဲ့တို့သည် လက်ရှိချိန် စည်သာကျေးရွာမှထွက်ခွက်လာပြီး ကလေးမြို့အတွင်း ဗိုလ်ချုပ်လမ်းမှ အနောက်ဘက် ချင်းပြည်နယ်ဘက်သို့ အင်အားများစွာဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...