မင်းတပ်နှင့် ဟားခါးမြို့တို့တွင် CDF နှင့် စစ်ကောင်စီအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စကစဘက်မှ ၁၀ ဦးသေဆုံး

မင်းတပ်နှင့် ဟားခါးမြို့တို့တွင် CDF နှင့် စစ်ကောင်စီအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စကစဘက်မှ ၁၀ ဦးသေဆုံး

ချင်းပြည်နယ် မင်းတပ်မြို့နှင့် ဟားခါးမြို့တို့တွင် ယခုရက်ပိုင်းအတွင် CDF အဖွဲ့များနှင့် စစ်ကောင်စီအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးကာ အယောက် ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မင်းတပ်မြို့နှင့် မတူပီမြို့ကြား မိုင်တိုင် ၄၀ - ၅၀ ကြားတွင် CDF - Mindat နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့ မေ ၁၉ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစဘက်မှ တပ်ကြပ်တစ်ဦးအပါအဝင် စစ်သားသုံးဦးသေဆုံးခဲ့ပြီး CDF ဘက်မှ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

“ဖြစ်တာက နေ့လည်ပိုင်းဖြစ်တာပါ။ သူတို့က လမ်းမှာလာတာကို ဖျက်တိုက်ရင်းနဲ့ ကြာသွားတယ်။ စစ်ကောင်စီဘက်က သုံးယောက်ကျတယ်။ CDF ဘက်က တစ်ယောက်မှမထိဘူး။ သူတို့က မတူပီကနေ မင်းတပ်ဘက်ကို အင်အားလာဖြည့်တဲ့သူတွေပါ၊ ဒီနေ့မနက်ပိုင်းတော့ ဘာမှမသိရသေး” ဟု CDF - Mindat မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ထို့ပြင် CDF - Hakha နှင့် စစ်ကောင်စီတပ်များ မေ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးပြီး အနည်းဆုံး ၁၉ ဦးဒဏ်ရာရှိကာ CDF ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

 

CDF - Hakha နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများမှာ မေ ၁၈ ရက်တွင် ဟားခါးတက္ကသိုလ်အနီးရှိ လုံခြုံရေးဂိတ်၊ ဟားခါးသာရ် ၆ လမ်းစုံနှင့် ဟားခါး-ဂန့်ဂေါလမ်းတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မေလ ၁၉ ရက်နေ့တွင် ဟားခါး-မတူပီလမ်းကြား နယ်မြေရှင်းလင်းရေးလုပ်သည့် စစ်ကောင်စီတပ်များအား CDF ဘက်မှ ချောင်းမြောင်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ဟားခါးတိုက်ပွဲတွင် စစ်ကောင်စီတပ်များက CDF တပ်ဖွဲ့ဝင်များ၏ ဆိုင်ကယ်အစီး ၃၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ကလေးမြို့ဘက်မှလည်း စစ်အင်အားဖြည့်တင်းနေသည့်အတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ကြောင်း CDF က ထုတ်ပြန်ထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...