မိုးညှင်းမြို့နယ်တွင် တာဝန်ရပ်ဆိုင်းခံရသည့် ဆရာ/ဆရာမနှင့် စီမံဝန်ထမ်း ၉၀၀ ကျော်ရှိ

မိုးညှင်းမြို့နယ်တွင် တာဝန်ရပ်ဆိုင်းခံရသည့် ဆရာ/ဆရာမနှင့် စီမံဝန်ထမ်း ၉၀၀ ကျော်ရှိ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနအောက်တွင် CDM ပြုလုပ်မှုကြောင့် အလုပ်တာဝန်များမှ ရပ်ဆိုင်းခံရသည့် ဆရာ/ဆရာမများနှင့် စီမံဝန်ထမ်း ၉၁၄ ဦးရှိကြောင်း သိရသည်။

၎င်းတို့သည် နိုင်ငံဝန်ထမ်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းကြောင့်ဟုဆိုကာ မေ ၇ ရက်မှစ၍ တာဝန်ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“CDM လုပ်လိုက်တယ်။ အခု ဒီမှာပြန်လာနေနေတာ နောက်ပိုင်းကြားနေတာက အရင်အစိုးရလက်ထပ်က ကိုဗစ်ကာလ နှစ်လစာကြိုထုတ်ပေးထားတာတွေ ပြန်တောင်းနေတယ်ကြားတယ်။ မပေးနိုင်တာမဟုတ်ဘူး မပေးချင်တာ” ဟု CDM ပြုလုပ်ထားသည့် ဆရာမတစ်ဦးက ပြောသည်။

မိုးညှင်းမြို့ရှိ တက္ကသိုလ်များမှ ဆရာ/ဆရာမများကိုလည်း တာ၀န်မှ ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့ပြီး လက်ရှိဖွင့်လှစ်ထားသော တက္ကသိုလ်အတန်းများတွင် နယ်ပြောင်းရောက်ရှိလာသော ဆရာ/ဆရာမများဖြင့် သင်ကြားလျက်ရှိကြောင်း သိရသည်။

ထို့ပြင် အစောပိုင်းကာလများကလည်း ကချင်ပြည်နယ်တစ်ခုလုံးရှိ ပညာရေးရုံး၊ ခရိုင်ပညာရေးရုံးနှင့် မြို့နယ်ပညာရေးရုံးတို့မှ ဝန်ထမ်းများနှင့် မိုးညှင်းမြို့နယ်အတွင်းတွင် ကျောင်းအုပ်များ၊ ဆရာ/ဆရာမများနှင့် ပညာရေးရုံးမှဝန်ထမ်းများ စုစုပေါင်း ၉၃၇ ဦးထိ တာဝန်မှရပ်ဆိုင်းထားခံရပြီး အခြား CDM ပြုလုပ်နေသော အစိုးရ၀န်ထမ်းများဖြစ်သည့် လျှပ်စစ်၀န်ထမ်းများနှင့် မီးရထား၀န်ထမ်းများကိုလည်း အလုပ်တာ၀န်များမှ ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...