မံစီမြို့နယ် မဒန်ယန်ကျေးရွာတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က လေယာဉ်နှင့်ပစ်ခတ်မှု လေးကြိမ်ထက်မနည်း ပြုလုပ်

မံစီမြို့နယ် မဒန်ယန်ကျေးရွာတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က လေယာဉ်နှင့်ပစ်ခတ်မှု လေးကြိမ်ထက်မနည်း ပြုလုပ်
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မဒန်ယန်ကျေးရွာအနီးတွင် ယနေ့ (မေ ၁၄ ရက်) နံနက် ၈ နာရီဝန်းကျင်မှစ၍ KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်နှင့်ပစ်ခတ်မှုများကို လေးကြိမ်ထက်မနည်းပြုလုပ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

 

“မနက်ကနေ လာပစ်နေတာ လက်နက်ကြီးနဲ့ လေးကြိမ်လောက်ရှိပြီ။ ကျွန်မတို့တောင် ခုရက်ပိုင်း အိမ်မှာတောင်မနေရဲတော့ဘူး” ဟု ဒေသခံများကပြောသည်။

 

ယခုရက်ပိုင်း စစ်ကောင်စီတပ်များသည် မံစီမြို့နယ်တွင်း စစ်အင်အားအများအပြား ထပ်ဖြည့်ထားကြောင်းလည်းသိရသည်။

 

“စစ်တပ်ဘက်ကတော့ အင်အားထပ်ဖြည့်တာလားတော့မသိဘူး။ ခုမံစီမြို့တွင်းက ဘုရားကျောင်းမှာလည်း လာနားနေကြတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

 

မေ ၈ ရက်နေ့တွင် မဒန်ယန်ကျေးရွာအနီးရှိ ရဲကင်းစခန်းနှစ်ခုလည်း KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

 

မဒန်ယန်ကျေးရွာတွင် ယခင်စစ်ရှောင်သွားသည့်ပြည်သူအချို့ နေရပ်ပြန်ကာ ပြန်လည်နေထိုင်နေသည့် ရွာဖြစ်သည်။

 

မံစီမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၃ နယ်မြေတွင် KIA နှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

 

KIO ဗဟိုဌာနချုပ်အနီး အလော့ဘွမ်ကို ပြန်လည်တိုက်ခိုက်ရန် အာဏာသိမ်းစစ်တပ်၏ စစ်အင်အား ထောင်ဂဏန်းက အလော့ဘွမ်တောင်ခြေ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ကုန်းလောဘက်သို့ စစ်အင်အားတိုးချဲ့လာစဉ် မေ ၁၁ ရက်ကစတင်၍ မံစီမြို့နယ် KIA တပ်မဟာ ၃ ဒေသတွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...