မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အကြမ်းဖက်စစ်ကောင်စီက သက်မှတ်ထားသည့် ညမထွက်ရအမိန့်ကို မေ ၁၂ ရက်နေ့ကစတင်၍ ည ၁၀ နာရီအချိန်မှ နံနက် ၄ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။
မော်လမြိုင်မြို့တွင် ညမထွက်ရအမိန့်အချိန် ပြောင်းလဲသတ်မှတ်လိုက်သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညနေ ၆ နာရီမှစတင်ကာ ပြည်သူများသွားလာမှုကို မြို့အနှံ ပိတ်ဆို့စစ်ဆေးမှု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် ဖေဖော်ဝါရီ ၈ ရက်မှစ၍ ညမထွက်ရအမိန့်ကို သက်မှတ်ခဲ့ပြီး ည ၈ နာရီမှ နံနက် ၄ နာရီထိ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ပြီးခဲသည့်တစ်ပတ်ကမှ ညမထွက်ရအမိန့်ကို ပြောင်းလဲသတ်မှတ်ခဲ့တာဖြစ်ပြီး ယခုအခါတွင် မော်လမြိုင်မြို့ကို အချိန်ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
မွန်ပြည်နယ်အတွင်း အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို မပြုလုပ်နိုင်အောင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်ကြပ်စွာ စစ်ဆေးဆောင်ရွက်နေပေမဲ့ ဒေသခံပြည်သူတွေက နည်းမျိုးစုံဖြင့် အာဏာရှင်ဆန့်ကျင်သောလှုပ်ရှာမှုများ ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ကျဆုံးခဲ့သူ ရှစ်ဦးရှိပြီး ဖမ်းဆီးခံထားရသူ ၃၀၀ ကျော်ရှိကြောင်း သိရသည်။
Published
Thursday, May 13, 2021
မော်လမြိုင်မြို့တွင် ညမထွက်ရ အချိန်ပြောင်းလဲ