လွိုင်ကော်တက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

လွိုင်ကော်တက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း
by -
နော်ဒွေးအယ်ခူ (KT)

စစ်ကောင်စီလက်အောက်တွင်မနေဘဲ ဖယ်ဒရယ်ပညာရေးစနစ် ထူထောင်နိုင်ရန်ရည်ရွယ်၍ လွိုင်ကော်တက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီကို မေ ၂ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ 

 

ဦးတည်ချက်တူညီသည့် ဖယ်ဒရယ်ပညာရေးစနစ် ထူထောင်ရေးလမ်းကြောင်းကို အတူအကောင်အထည်ဖော်ရန် အသင့်ရှိကြောင်း ကယားပြည်နယ် ဆရာများသမဂ္ဂမှ ပြောဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ 

 

“ပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ရည်မှန်းချက် ကျွန်တော်တို့ရဲ့ဦးတည်ချက် အဓိက, က ဖယ်ဒရယ်ပညာရေးစနစ်ပါပဲ။ ဒီဖယ်ဒရယ်ပညာရေးစနစ်ရဖို့ ကျွန်တော်တို့လည်း သူတို့လည်း ဒီလမ်းကြောင်းသွားသလို ကျွန်တော်တို့လည်း သူတို့နဲ့အတူ ဒီဖယ်ဒရယ်ပညာရေးကို အကောင်အထည်ဖော်ဖို့ အဆင်သင့်အနေအထားရှိတယ်” ဟု ၎င်းကပြောသည်။

 

တက္ကသိုလ်ယာယီအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းရာတွင် (၁) အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် ဖယ်ဒရယ်ပညာရေးစနစ်ကို ထူထောင်နိုင်ရန်၊ (၂) ဖယ်ဒရယ်ပညာရေးစနစ်နှင့်အညီ တက္ကသိုလ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အပြည့်အဝဖော်ဆောင်နိုင်ရန်၊ (၃) အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သော လက်ပါးစေတက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့အစည်းများအစား တက္ကသိုလ်ရဲ့အုပ်ချုပ်ရေး စီမံခန့်ခွဲရေး ဆိုင်ရာတာဝန်များကို ဆောင်ရွက်သွားနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ 

 

ဖယ်ဒရယ်ပညာရေးလမ်းကြောင်းကို သွားသည့်အခါ မိဘပြည်သူ အဖွဲ့အစည်းအားလုံးအနေဖြင့် အားပေးကူညီပေးရန် ဆရာတစ်ဦးကဆိုသည်။

 

“ကျွန်တော်တို့က ဒီအခြေခံပညာကိုပေါ့နော်။ ဒီအခြေခံပညာကော အဆင့်မြင့်ပညာကော ဒီဖယ်ဒရယ်ပညာရေးကိုသွားတဲ့အခါမှာ မိဘလူထုတွေ ကျွန်တော်တို့အဖွဲ့အစည်းအားလုံးလည်း ဒီအပေါ်မှာ ကျွန်တော်တို့ အားပေးကူညီဖို့ တိုက်တွန်းဖို့ ကျွန်တော်တို့လည်း လှုံ့ဆော်ချင်တယ်ဗျ။ ပါဝင်ပေးဖို့လည်း ကျနောတို့ မေတ္တာရပ်ခံချင်တယ်ဗျ” ဟု ၎င်းကပြောသည်။

 

ယာယီတက္ကသိုလ်ကောင်စီကို CDM ကိုယ်စားပြု ဆရာ၊ ဆရာမကိုယ်စားလှယ်များ၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များ၊ ကျောင်းသားဟောင်းများ၊ ဝန်ထမ်းကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...