ကယားပြည်နယ်တွင် ဝန်ထမ်းများ မေ ၃ ရက်နေ့ နောက်ဆုံးထားအလုပ်ပြန်ဆင်းရန် ဖိအားပေးခံရ၊ မထွက်လျှင် ဝရမ်းထုတ်မည်

ကယားပြည်နယ်တွင် ဝန်ထမ်းများ မေ ၃ ရက်နေ့ နောက်ဆုံးထားအလုပ်ပြန်ဆင်းရန် ဖိအားပေးခံရ၊ မထွက်လျှင် ဝရမ်းထုတ်မည်
by -
နော်ဒွေးအယ်ခူ (KT)

ကယားပြည်နယ်တွင် CDM ပြုလုပ်နေသောဝန်ထမ်းတွေ မေ ၃ ရက်နောက်ဆုံးထား၍ အလုပ်ပြန်ဆင်းရန် ဖိအားပေးခံရကြောင်း သိရသည်။

”CDM ထွက်ရင် ပုံမှန်အတိုင်းလစာပြန်ပေးမယ်ပေါ့။ မထွက်ရင် ဝရမ်းထုတ်မယ်လို့ပြောတယ်” လို့ CDM ပြုလုပ်နေတဲ့ ဝန်ထမ်းတစ်ဦးက ပြောသည်။

လတ်တလောတွင် နိုင်ငံပိုင်ကျောင်းများ ပြန်ဖွင့်ရန်ရှိနေပြီး ပညာရေးဝန်ထမ်းများကိုလည်း မေ ၃ ရက်နေ့ လုပ်ငန်းခွင်ဝင်ရန် ပြောကြားထားသည်။

ကယားပြည်နယ်တွင် လက်ရှိ CDM လုပ်နေသော ပညာရေးဝန်ထမ်းများအနေဖြင့် လစာမယူသည့်အတွက် မိသားစုတွေကလည်း စားဝတ်နေရေးတွေမှာ အခက်အခဲကြုံနေရသည်ဟုဆိုသည်။

CDM ပြုလုပ်နေသော ပညာရေးဝန်ထမ်း၊ ဆရာဝန်များ၊ Social Punishment ပြုလုပ်များကို ပုဒ်မ ၅၀၅ ကဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းလည်း အာဏာသိမ်းစစ်ကောင်စီက MRTV မှာ ကြေညာခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီကဖွင့်သော ကျောင်းတွေကို တက်မည်မဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပေးအပ်တဲ့တာဝန်တွေတာ ထမ်းဆောင်မည်ဖြစ်ကြောင်း ကယားပြည်နယ်ဆရာများသမ္မဂ္ဂက ထုတ်ပြန်ထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...