နွေဦးတော်လှန်ရေး သွေးမအေးစေဖို့ မိုးညှင်းမြို့လူငယ်များ စာစောင်ထုတ်ဝေ

နွေဦးတော်လှန်ရေး သွေးမအေးစေဖို့ မိုးညှင်းမြို့လူငယ်များ စာစောင်ထုတ်ဝေ

စစ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်းတွင် အင်တာနတ်လိုင်းများ ဖြတ်တောက်ခြင်းများနှင့် သတင်းမီဒီယာများကို ဖိနှိပ်မှုများကြောင့် ပြည်သူများ သတင်းအမှန် သိရှိစေရန်ရည်ရွယ်၍ မိုးညှင်းမြို့လူငယ်များမှ ရောင်နီသစ်စာစောင်တစ်ခုကို ထုတ်‌ဝေခဲ့ကြောင်းသိရသည်။

အဆိုပါစာစောင်မှာ စာမျက်နှာ ၈ မျက်နှာပါ၀င်ကာ အေဖိုးခေါက်ချိုးဆိုဒ်ဖြင့် ထုတ်‌ဝေခြင်းဖြစ်ပြီး ပထမအကြိမ် ထုတ်‌ဝေခြင်းလဲဖြစ်ကြောင်း သိရသည်။

“သတင်းအမှောင်ခခံထားရတဲ့အတွက် လူထုကို ဆောင်းပါးတွေ ကဗျာတွေ၊ ကာတွန်းတွေနဲ့ သတင်းအမှန်ကို ပေးချင်လို့ပါ။ လူထုကို သွေးမအေးစေချင်လို့ စစ်အုပ်ချုပ်ရေးကို အမြဲသပိတ်မှောက်စေချင်လို့ လူထုကို သွေးမအေးသွားအောင်လို့ စာစောင်ထုတ်ဝေရခြင်းဖြစ်ပါတယ်” ဟု မိုးညှင်းမြို့မှ လူငယ်တစ်ဦးက ပြောသည်။

မိုးညှင်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို စစ်တပ်နှင့်ရဲများက ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်လာပြီး ထိမ်းသိမ်းခံရသူ ၃၀ နီးပါရှိနေပြီး အချို့ရက်များတွင် လူစည်ကားရာမြို့လည်တွင် လက်ကိုင်ဖုန်းများကို တောင်းယူစစ်ဆေးနေမှုများကို ပြုလုပ်နေမှုများလည်ရှိနေသည်။

ယခင်က လွတ်လပ်စွာ၀ယ်ယူခွင့်ရှိသည့် ဆက်သွယ်ရေးဖုန်းဆင်းကဒ်များကိုလဲ မှတ်ပုံဖြင့် တခါတည်းမှတ်ပုံတင်ပြီးမှသာ ရောင်းချပေးနေရပြီး အင်တာနတ် ဖိုက်ဘာလိုင်များကိုလဲ ထပ်မံတပ်ဆင်မှုများကို ပိတ်ပိတ်တားဆီးမှုများရှိနေကာ ပီအက်အိုင်စလောင်းများကိုလဲ ဖမ်းစီးမည်ဟု သတင်းများထွက်ပေါ်လာပြီး ကိုယ်တိုင်ဖြုသိမ်းမှုများရှိနေသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...