မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏တပ်ဖွဲ့ ခြေမြန်တပ်ရင်း ၃ က ဆီဘောက်ဆာယာဉ်သုံးစီးကို ပစ်ခတ်မှုကြောင့် ယာဉ်မောင်းတစ်ဦး သေဆုံးရသည့်ဖြစ်စဉ် ဧပြီ ၂၁ ရက် ည ၇ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့နယ် ဒေသခံတစ်ဦးက “ည ၇ နာရီကျော်လောက်က နတ်ကြီးအဆင်းလမ်းမှာ ဆီဘောက်ဆာယာဉ်ကြီး ၃ စီးက ဖြတ်သွားတယ်။ ခမရ ၃ ရှေ့ကနေ ဖြတ်တဲ့အချိန်မှာ ဆီဘောက်ဆာ ကားသုံးစီးကို စစ်တပ်က လိုက်ပစ်တာ ဆီဘောက်ဆာယာဉ်မောင်းတစ်ဦးသေတယ်” ဟု ပြောသည်။
ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်များတွင် စစ်တပ်နှင့် ရဲစခန့်ရှေ့များက သွားလာသည့်ပြည်သူများကို ည ၆ နာရီကျော် ဖြတ်သန်းသွားလာသူများအာ အကြောင်းမဲ့ပစ်ခက်မှုများ လုပ်ဆောင်နေတာကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများရှိကြောင်း ဆိုသည်။
ထို့ပြင် မွန်ပြည်နယ်အတွင်း စစ်အာဏာရှင်ကိုဆန့်ကျင်သည့် နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွစ် စစ်ကောင်စီ၏တပ်ဖွဲ့များ ပစ်ခက်နှိမ်နင်းမှုကြောင့် ဧပြီ ၅ ရက်အထိ ကျဆုံးခဲ့သူ ရှစ်ဦးရှိကြောင်း သိရသည်။
အဆိုပါ ကျဆုံးသူများထဲတွင် အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး တစ်ဦးတို့ဖြစ်ပြီး အသက် (၁၈) နှစ်မပြည့်သေးသည့် ကလေးငယ်များလည်း ပါဝင်ခဲ့တာဖြစ်ပြီး ဦးခေါင်းကျည်ထိမှန်တာကြောင့် ကျဆုံးသူလေးဦးနှင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများ ကျည်ထိမှန်ကျဆုံးသူ လေးဦး ဖြစ်ကြောင်း သိရသည်။