မွန်နှင့် တနင်္သာရီတို့မှ ဖမ်းဆီးခံသတင်းထောက်နှစ်ဦး ပြန်လွှတ်ပေးရန် SMJN တောင်းဆို

မွန်နှင့် တနင်္သာရီတို့မှ ဖမ်းဆီးခံသတင်းထောက်နှစ်ဦး ပြန်လွှတ်ပေးရန် SMJN တောင်းဆို
by -
စိုင်းထွန်းစံ (MNA)

ဖမ်းဆီးအမှုဖွင့်အရေးယူခံထားရသော မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှ သတင်းထောက်နှစ်ဦးကို ပြန်လွှတ်ပေးရန် မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက် (SMJN) က ဧပြီ ၂၂ ရက်တွင် သဘောထားထုတ်ပြန် တောင်းဆိုလိုက်သည်။

အဆိုပါကွန်ရက်အနေဖြင့် သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ သတင်းရယူနေသည့် သတင်းထောက်နှစ်ဦးကို သေနတ်ကျည်အစစ်ဖြင့် ပစ်ခတ်မှုအပေါ် ကန့်ကွက်ရှုပ်ချကြောင်းနှင့် ဖမ်းဆီးအမှုဖွင့်ထားမှုကို ပြန်ရုတ်သိမ်းပြီး အမြန်ဆုံး ပြန်လွှတ်ပေးရန် သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တနင်္သာရီတိုင်း ထားဝယ်မြို့အခြေစိုက် Dakkhina Insight သတင်းဌာနက သတင်းထောက် ကိုနိုင်လင်းထွန်းကို ဧပြီလ ၂၁ ရက်နေ့ ဆန္ဒပြပွဲသတင်းရယူနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက Dakkhina Insight သတင်းဌာနက သတင်းထောက် ကိုနိုင်လင်းထွန်းကို သေနတ်ဖြင့်ပစ်ခက်မှုကြောင့် ဦးခေါင်းမှာ ကျည်ဆန်ရှပ်ထိခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

ပစ်ခက်ဖမ်းဆီးခံရသည့် ကိုနိုင်လင်းထွန်း၏ Laptop နှင့် ဖုန်းတိုကို သိမ်းဆည်းသွားသည့်အပြင် သတင်းထောက် ကိုနိုင်လင်းထွန်းကိုလည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နှင့် အရေးယူထားကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ကလည်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွင် ဓါတ်ပုံသတင်းရယူနေသည့် The Voice Of Thanbyuzayat သတင်းအေဂျင်စီ သတင်းထောက် ကိုထက်မြတ်သူကို စစ်ကောင်စီတပ်ဖွဲ့က သေနတ်ပစ်ခတ်မှုကြောင့် ခြေထောက်ထုတ်ချင်းပေါက်ဒဏ်ရာဖြင့် ရိုက်နှပ်နှိပ်စက်ခဲ့ကြောင်း သိရသည်။

ထို့အတူ သတင်းထောက် ကိုထက်မြတ်သူကိုလည်း အကြမ်းဖက်စစ်ကောင်စီက သထုံမြို့မရဲစခန်းတွင် ချုပ်နှောင်ပြီး ရာသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် အရေးယူထားကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...