Published
Monday, April 05, 2021
မိုးညှင်းမြို့တွင် တပ်နှင့်ရဲက အိမ်ဝင်းထဲထိ လိုက်လံဖမ်းဆီးနေ
မိုးညှင်းမြို့ အရှေ့စု ၂ လမ်းထဲရှိ နေအိမ်တစ်အိမ်ကို တပ်နှင့်ရဲက ဝင်ရောက်ရှာဖွေပြီး လူငယ်တစ်ချို့ကို ဖမ်းဆီးသွားကြောင်း သိရသည်။
ဆန္ဒပြပွဲများတွင် ရှေ့ဆုံးမှ ဒိုင်းကာအဖွဖွဲ့တွင် ပါဝင်သည့် လူငယ်များကိုဖမ်းဆီးခြင်း ဖြစ်သည်ဟု လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားထားကြသည်။
ယနေ့ညနေပိုင်းအချိန်တွင်လည်း နောင်စွန်းရပ်ကွက်အတွင်း နေအိမ်တချို့ကိုလည်း ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။