Published
Friday, April 02, 2021
မိုးညှင်းလူငယ်များ ၂၀၀၈ က ပေါ်ပေါက်လာသည့် သုံးရောက်ခြည် အလံကို မီးရှို့ဖျက်ဆီး
CRPHမှ ၂၀၀၈အခြေခံဥပဒေကို ဖျက်သိမ်းကြောင်းကြေညာပြီးဖြစ်ပြီး၍ အခြေခံဥပဒေမှ ဆင်းသက်လာသော သုံးရောင်ခြယ်အလံကို မိုးညှင်းလူငယ်များက မြို့မစည်ပင်ဈေးထောင့် လမ်းဆုံတွင် မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကို CRPH က မတ်လ ၃၁ ရက်နေ့က အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဧပြီလ (၁) ရက်နေ့တွင် မြို့နယ် အားလုံးနီးပါးက ဖွဲ့စည်းပုံအခြေခံစာအုပ်ကို မီးရှို့ဖျက်ဆီးသည့် လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။