မိုးညှင်းတွင် ဆန္ဒပြပြည်သူများကို အရပ်ဝတ်ဖြင့်လူများက အိမ်စီးကားနှင့် လိုက်လံဖမ်းဆီးမှုပြုလုပ်၊ လူငယ်တစ်ဦး ဖမ်းဆီးခံရ

မိုးညှင်းတွင် ဆန္ဒပြပြည်သူများကို အရပ်ဝတ်ဖြင့်လူများက အိမ်စီးကားနှင့် လိုက်လံဖမ်းဆီးမှုပြုလုပ်၊ လူငယ်တစ်ဦး ဖမ်းဆီးခံရ
by -
မွန်းမွန်းပန် (MNJ)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အောင်သပြေ (၃) ရပ်ကွက်တွင် ယနေ့ (ဧပြီ ၁ ရက်) ၌ အရပ်ဝတ်ဖြင့်လူများက အိမ်စီးကားနှင့် လိုက်လံဖမ်းဆီးမှုပြုလုပ်လျက်ရှိရာ စစ်ကောင်စီအား ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် ဆိုင်ကယ်စီးသပိတ်မှ လူငယ်တစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

 

“အဲ့ဒီ အဖမ်းခံရတဲ့ကောင်လေးက ပိန်ပိန်လေးပါ။ ရိုက်နှက်ထိုးကြိတ်ကန်ကြောက်ပီး အရပ်ဝတ်ရဲတွေက သူတို့စီးလာတဲ့အိမ်စီးကားအဖြူရောင်ပေါ် ဖမ်းခေါ်သွားတာမြင်လိုက်ရတယ်” ဖြစ်စဉ်အား မြင်တွေ့ခဲ့သူတစ်ဦးကပြောသည်။

 

မိုးညှင်းမြို့တွင် စစ်ကောင်စီအား ဆန့်ကျင်ဆန္ဒပြမူ့နှင့် ဖေဖော်ဝါရီလမှ မတ်နှင့် ယနေ့ ဧပြီ ၁ ရက်အထိ ဖမ်းဆီးခံရသူ ၂၀ ကျော်အထိရှိပြီး သေဆုံးသူ သုံးဦးရှိကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...