မြန်မာ-ထိုင်း တာချီလိတ်မြို့ အခြေစိုက် သတင်းဌာန နှစ်ခုမှ သတင်းထောက်များကို ဖမ်းဆီးရန် အာဏာသိမ်း စစ်ကောင်စီက ထိုင်းနိုင်ငံဘက်ကို တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။
တာချီလိတ်အခြေစိုက် တာချီလိတ်အေဂျင်စီ သတင်းဌာန တည်ထောင်သူ ကိုဇောင်း နှင့် မှုခင်းရှု့ထောင့် မှ ကိုရွှေဝင်း တို့ကို စစ်ကောင်စီ က တရားခံပြေး၊ ဖမ်းဝရမ်းထုတ်ထားပြီး၊ ထိုင်းနိုင်ငံဘက်တွင် သွားရောက်ခိုလှုံနေပါက ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးရန် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ် အဆင့် နယ်ခြားကော်မတီ ဥက္ကဌ ထံ စစ်ကောင်စီက စာပို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် မတ် ၂၆ ရက် က ကျင်းပပြုလုပ်သည့် ထိုင်း-မြန်မာ နယ်ခြားကော်မတီ (TBC)အစည်းအဝေးတွင်လည်း ထွက်ပြေးတိမ်းရှောင် နေသည့် သတင်းထောက် နှစ်ဦးကို ဖမ်းဆီးပြီး မြန်မာပြည်ဘက်ကို ပြန်လွှဲပေးပါက ဆုကြေးငွေထုတ်ပေးဖြစ်ပြီး၊ လက်ရှိမှာ သတင်းထောက် နှစ်ဦး၏ ဓာတ်ပုံ၊ ကိုယ်ရေးအချက်အလက်များကို လည်း ထိုင်းနိုင်ငံသို့ ပေးပို့တောင်းဆိုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
လက်ရှိမှာ ရှမ်းပြည် အခြေစိုက် တာချီလိတ်သတင်းအေဂျင်စီ မှ ကိုဇောင်း၊ မဲခေါင်းသတင်းဌာနမှ အယ်ဒီတာ ကိုပုဒ်မ ၅၀၅ (က)ဖြင့်အမှုဖွင့်ထားပြီး ဖမ်းဝရမ်းထုတ်ထားကြောင်းသိရသည်။
ဆက်လက်ပြီး ကမ္ဘောဇ တိုင်း သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ၊ သတင်းထောက်နှင့် ထုတ်ဝေသူများကို ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် အရေးယူပြီး တောင်လေးလုံးထောင်သို့ ပို့ဆောင်ထားကြောင်းသိရသည်။
Published
Sunday, March 28, 2021
တာချီလိတ် အခြေစိုက်သတင်းထောက် နှစ်ဦး ကိုဖမ်းရန် ထိုင်းကို အကူအညီတောင်း