Published
Sunday, March 28, 2021
တောင်ကြီး အကြမ်းဖက်စစ်ကောင်စီလက်ချက် ကြောင့် အမျိုးသမီး တစ်ဦးအပါအဝင် ပြည်သူ လေးဦးကျဆုံး
ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် မတ် ၂၅ရက်က ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် လူငယ်သပိတ်ကို သေနတ်ပစ်ဖြို ခွင်းမှု၊ ရပ်ကွက်ထဲ ပစ်ခတ်မှုနှင့် နေအိမ်ထဲဝင်ရောက်ပစ်ခတ်မှုတို့ကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား လေးဦး ကျဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ၏ တပ်များက တောင်ကြီးမြို့တွင် ထိုသို့ လုပ်ဆောင်မှုကြောင့် သေဆုံးသူများရှိခဲ့ သည့်အပြင် အရေးပေါ် လူနာ ၁၅ဦးထိရှိကြောင်းနှင့် ရဲဘက်က နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၅ရက်တွင် တောင်ကြီးမြို့ တစ်မြို့လုံးကို အကြမ်းဖက် စစ်ကောင်စီက တစ်နေ့လုံးနီးပါးပစ် ခတ်ခဲ့ခြင်းဖြစ်ပြီး လူနေအိမ်၊ ကား၊ဆိုင်ကယ်များကိုလည်း လိုက်လံဖျက်ဆီးခဲ့ကြောင်းသိရသည်။