မိုးညှင်းမြို့ သပိတ်စစ်ကြောင်း သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခံရမှုကြောင့် ဝမ်းဗိုက်ကျည်ထိမှန်ကာ တစ်ဦးသေဆုံး

မိုးညှင်းမြို့ သပိတ်စစ်ကြောင်း သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခံရမှုကြောင့် ဝမ်းဗိုက်ကျည်ထိမှန်ကာ တစ်ဦးသေဆုံး
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် ယနေ့(မတ်၂၅ရက်)စစ်အာဏာဆန့်ကျင်သည့် သပိတ်စစ်ကြောင်းကို ရဲနှင့်စစ်တပ်က သေနတ်ဖြင့်ပစ်ခတ်ဖြိုခွင်းသည့်အတွက် တစ်ဦးသေဆုံးကာ ခြောက်ဦးထက်မနည်း ဒဏ်ရာရရှိ ထားကြောင်း မိုးညှင်းမြို့ဒေသခံများထံမှ သိရသည်။

 

သေဆုံးသူမှာ မိုးညှင်းမြို့၊အောင်သပြေရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၀အရွယ်ရှိ ဦးဝင်းဆွေဆိုသူ ဖြစ်ကြောင်း သိရသည်။

 

ကချင်ပြည်နယ်တစ်ခုလုံးတွင် စစ်အာဏာဆန့်ကျင်သည့် သပိတ်စစ်ကြောင်းများအား ရဲနှင့်တပ်မှဖြိုခွင်း ပစ်ခတ်မူကြောင့် သေဆုံးသူ သုံးဦးထိရှိလာပြီဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...