နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါတီဝင်များပါဝင်ခဲ့မှုကြောင့် မွန်ညီညွတ်ရေးပါတီမှ မိယဉ်ယဉ်နု နုတ်ထွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါတီဝင်များပါဝင်ခဲ့မှုကြောင့် မွန်ညီညွတ်ရေးပါတီမှ မိယဉ်ယဉ်နု နုတ်ထွက်
by -
စိုင်းထွန်းစံ (MNA)

မိယဉ်ယဉ်နုအနေဖြင့် မွန်ညီညွတ်ရေးပါတီဝင်အဖြစ်မှ နုတ်ထွတ်ခွင့်ပြုရန် မော်လမြိုင်မြို့ရှိ မွန်ညီညွတ်ရေးပါတီ (ဗဟို) ရုံးသို့ မတ် ၂၄ ရက်က စာတင်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် မွန်ညီညွတ်ရေးပါတီက အဖွဲ့ဝင်တစ်ဦးပါဝင်ရန် ဆုံးဖြတ်လိုက်ပြီးနောက် ပါတီမူဝါဒလမ်းစဉ်များဖြင့် သွေးဖယ်နေသဖြင့် လက်ခံနိုင်ခြင်းမရှိသောကြောင့် ၎င်းအနေဖြင့် နုတ်ထွက်စာတင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

မွန်ညီညွတ်ရေးပါတီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ထမ်းဆောင်မှုကို ပါတီမူဝါဒလမ်းစဉ်ဖြစ်သည့် အခန်း(၅)၊ အပိုဒ် (၁၀)(ဆ) အရ  အာဏာရှင်စနစ် မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသည့် လူမျိုးရေးဝါဒတို့ကို ဆန့်ကျင်သွားရန် ဖော်ပြထားချက်အရ လက်ခံနိုင်ခြင်းမရှိသောကြောင့် ပါတီဝင်တစ်ဦးအနေဖြင့် နုတ်ထွက်ခြင်းဖြစ်ကြောင်း ၎င်း၏နုတ်ထွက်စာတွင် ဖော်ပြထားသည်။

မွန်ညီညွတ်ရေးပါတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင်ပါဝင်ရန် ကမ်းလှမ်းခဲ့ရာ ပါတီကိုယ်စားလှယ်အဖြစ် ဒေါက်တာဗညားအောင်မိုးကို စေလွှတ်ရန် ဗဟိုကော်မတီအစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ချက်ရယူခဲ့ပြီး မတ် ၁၇ ရက်တွင် နစကအဖွဲ့ဝင်အဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့အတူ မွန်ပြည်နယ် နစကတွင် အဖွဲ့ဝင်အဖြစ် မွန်ညီညွတ်ရေးပါတီက တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမကို ခန့်အပ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

အလားတူ မွန်ညီညွတ်ရေးပါတီမှ ရွေးကောက်ပွဲ သုံးကြိမ်အနိုင်ရရှိခဲ့ပြီး ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်းတွင် လွှတ်တော် ဒု-ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် ဒေါက်တာအောင်နိုင်ဦးက ဖေဖော်ဝါရီ ၂၂ ရက်က နုတ်ထွက်ခဲ့ကြောင်း သိရသည်။

မိယဉ်ယဉ်နုသည် ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်မရရှိခဲ့ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...