မော်လမြိုင် တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် ရုံးဝန်ထမ်းများကို ခံဝန်ကတိ လက်မှတ်ရေးထိုးခိုင်း

မော်လမြိုင် တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် ရုံးဝန်ထမ်းများကို ခံဝန်ကတိ လက်မှတ်ရေးထိုးခိုင်း
by -
စိုင်းထွန်းစံ (MNA)

မွန်ပြည်နယ် မော်လမြိုင် တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် ရုံးဝန်းထမ်းများကို မတ် ၂၀ ရက်က CDM ပြုလုပ်၊ မပြုပ်လုပ်နှင့်ပတ်သက်၍ ခံဝန်ချက်ရေးခိုင်းခဲ့ကြောင်း မော်လမြိုင်တက္ကသိုလ် ဝန်ထမ်းအချို့ထံမှ သိရသည်။

ထိုသို့ ခံဝန်ချက်ရေးပြီး CDM မပြုလုပ်သူများအနေဖြင့် မတ် ၂၂ ရက်က စတင်ပြီး ရုံးပြန်တက်ရန် ညွန်ကြားထားပြီး CDM ပြုလုပ်သူများကို ယခုလမှ စတင်ပြီး လစာပေးတော့မည်မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားကြောင်း ဆိုသည်။

“ဆရာ၊ ဆရာမ အများစုကတော့ CDM လုပ်ကြတယ်။ CDM လုပ်တဲ့သူရော၊ မလုပ်တဲ့သူရော စာတင်ရတယ်။ CDM လုပ်တဲ့သူဆိုရင် လုပ်ကြောင်း စာတင်ခိုင်းတယ်။ လုပ်တဲ့သူတွေကို လစာမပေးဘူးဆိုပြီးတော့ တရာဝင် စာထွက်လာပြီး။ နေအိမ်လိုင်းခန်းကနေပြီးတော့ ဖယ်ခိုင်းမလားဆိုတာတော့ စိုးရိမ်နေရတယ်” ဟု မော်လမြိုင်တက္ကသိုလ်မှ ဝန်းထမ်းတစ်ဦးက ပြောသည်။

ကျောင်းဝင်းအတွင်းက ဝန်ထမ်းအိမ်ရာများမှာ နေထိုင်သည့် CDM ပြုလုပ်ကြောင်း ခံဝန်ချက်ရေးထိုးထားသော ဆရာ၊ ဆရာမများနှင့် ရုံးဝန်ထမ်းများအနေဖြင့် ဝန်ထမ်းအိမ်ရာများက ပြောင်းရွေ့ခိုင်းမည်ကိုလည်း စိုးရိမ်းနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မော်လမြိုင်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာ၊ ဆရာများနှင့် ရုံးဝန်ထမ်းအများစုမှာ စစ်အာဏာရှင်လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတာကြောင့် အကြမ်းမဖက် အာဏာဖီဆန်သည့် CDM လှုပ်ရှားမှုတွင် အများစု ပါဝင်နေကြောင်း ၎င်းထံက သိရသည်။

မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့မှလည်း CDM မှာ ပါဝင်လှုပ်ရှားနေသည့် ဆရာ၊ ဆရာမတွေကို ဖိအားပေး အကြပ်ကိုင် ခြိမ်းခြောက်ပြီး ရုံးပြန်တက်ခိုင်းခြင်းများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်း မတ်လ ၂၁ ရက်နေ့က သဘောထားထုတ်ပြန်ထားသည်။

ထို့အပြင် ဖိအားပေး ခြိမ်းခြောက်သည့် တက္ကသိုလ်က ပါမောက္ခ၊ ဌာနမှူးတွေကို ဆက်လုပ်ဆောင်ရွက်နေမည်ဆိုပါက ကျောင်းသားထုတစ်ရပ်လုံးက လုပ်သင့်လုပ်ထိုက်သည့် ပစ်ဒဏ်ခတ်ခြင်းများကို မလွှဲမရှောင်သာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...