တောင်ကြီးတွင် ငြိမ်းချမ်းစွားဆန္ဒထုတ်ဖော်နေသည့် လူထုကို အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ရှစ်ဦးဒဏ်ရာရ

တောင်ကြီးတွင် ငြိမ်းချမ်းစွားဆန္ဒထုတ်ဖော်နေသည့် လူထုကို အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ရှစ်ဦးဒဏ်ရာရ
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်တွင် ယမန်နေ့ မတ် ၂၁ ရက် နေ့လည်ပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများကို အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် ရှစ်ဦးခန့် ဒဏ်ရာရပြီး တစ်ဦးဖမ်းဆီးခံရကြောင်း သိရသည်။

 

လက်ရှိအချိန်ထိ စစ်ကောင်စီလက်နက်ကိုင်တပ်ဖွ့ဲက ရတနာသီရိရပ်ကွက်အတွင်း ရာဘာကျည်၊ အသံမိုင်း၊ မျက်ရည်ယိုဗုံးများဖြင့် အရပ်သားနေအိမ်အတွင်းထိ ပစ်ခတ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ထိခိုက်ဒဏ်ရာရသူ ရှစ်ဦးလောက်တော့ရှိမယ်။ ရာဘာကျည်ထိတာကတော့ မိန်းကလေးနှစ်ဦး၊ ယောကျာ်လေးတစ်ဦးပါ။ မိန်းကလေးတယောက်က သတိလစ်သွားတယ်။ တယောက်တော့ အောက်ပိုင်းထိတယ်။ အမျိုးသားက ဦးခေါင်းထိတယ်။ အိမ်ထဲထိပစ်ခတ်နေတယ်။ တယောက်ကိုလည်း ဖမ်းဆီးသွားတယ်” ဟု တောင်ကြီးဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

လက်ရှိအချိန်ထိ အာဏာသိမ်းစစ်ကောင်စီအဖွဲ့သည် အရပ်သား ရာဘာကျည်၊ မျက်ရည်ယိုဗုံး၊ အသံမိုင်းကို ရမ်းပစ်နေခြင်း၊ အရပ်သားနေအိမ်ကိုလည်း ဝင်ရောက်ဖျက်ဆီးခြင်းများပြုလုပ်နေကြောင်း သိရသည်။

 

ထို့အပြင် ရတနာသီရိရပ်ကွက်နေ ပြည်သူများကိုလည်း အာဏာသိမ်းစစ်ကောင်စီက ခြိမ်းခြောက်မှုမျိုးစုံလုပ်နေကြောင်း တောင်ကြီးဒေသခံများပြောပြချက်အရ သိရသည်။

 

တောင်ကြီးမြို့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်ကို အာဏာသိမ်းစစ်ကောင်စီက နည်းမျိုးစုံ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းနေသည့်ကြားက ပြည်သူများကလည်း နည်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖော်နေကြောင်းသိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...