ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် အင်အားသုံးဖြိုခွင်မှုများကြောင့် ပျောက်ကြားသပိတ်အနေဖြင့်သာ တန္ဒဖော်ထုတ်မှုများပြုလုပ်နေရပြီး ယနေ့ (မတ် ၁၇ ရက်) မနက် ၁၀ နာရီအချိန်ခန့်တွင့် အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်လမ်းလျှောက်သပိတ် ချီတက်လာစဉ် မိုးညှင်းမြို့နယ်ရဲတပ်ဖွဲ့က အင်အားသုံးဖမ်းဆီးခဲ့သဖြင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရကြောင်းသိရသည်။
“ပထမ ဆိုင်ကယ်နဲ့သွားကြတယ်။ ပြီးတော့မှ လမ်းလျောက်ပြီးပြန်လာကြတဲ့ အဲအချိန်မှာ တစ်ချို့ကအိမ်ပြန်ကုန်ပြီ။ လူကွဲသွားတာလား။ ကျန်ခဲ့တာလားမသိဘူး။ အဲအချိန်မှာ အဖမ်းခံရတာ။ ဈေးထဲ၀င်ပြေးကြတာ“ ဟု ဖမ်းစီးမှုအား မြင်တွေ့ခဲ့ရသူတစ်ဦးကပြောသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ရာတွင် ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်နိုင်ရန် ဆရာတော်သံဃာတော်တစ်ပါးနှင့် ဖမ်းဆီးခံရသူများ၏ မိဘများ မြို့ခံပြည်သူများက မြို့နယ်ရဲစခန်းအထိ လိုက်လံတောင်းပန်ညှိနှိုင်းရာတွင်လည်း မိုးညှင်းမြို့မရဲစခန်းက လက်ခံမူ့မရှိ ငြင်းပယ်ခဲ့ကြောင်း အဖမ်းစီးခံရသူများ လွတ်မြောက်ရေးအတွက် လိုက်ပါဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
မိုးညှင်းတွင် စစ်ကောင်စီအား အလိုမရှိသည့် ဆန္ဒထုတ်ဖော်မူ့ကို ဖေဖော်ဝါရီ (၈) ရက်နေ့မှစတင်ကာ ယနေ့အထိ ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းမှစတင်ကာ ရဲနှင့်စစ်တပ်များက လုံခြုံရေးတင်းကြပ်စွာချထားေသာေကြာင့် ပျောက်ကြားဆန္ဒပြခြင်းများဖြင့် ဆက်လက်ဆန္ဒဖော်ထုတ်နေကြခြင်းဖြစ်သည်။
မိုးညှင်းမြို့နယ်တွင် ဆန္ဒထုတ်ဖော်သဖြင့် အဖမ်းခံရသူ လက်ရှိအချိန်ထိ ရှစ်ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။