ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲ၌ ပထမဆုံးကျဆုံးခဲ့သည့် ရှမ်းနီတိုင်းရင်းသား၏နာရေး ကိုကျော်လင်းထိုက်၏နာရေးကို ယနေ့ မတ် ၁၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆိပ်မှုရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီရုံးတွင် အလံတစ်၀တ်လွင့်ထူခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဇော်လင်းထိုက်၏ နာရေးကို ဖားကန်မြို့နယ် ဆိပ်မှုကျေးရွာအုပ်စုရှိ စာပေနှင့်ယဉ်ကျေးမှာကော်မတီရုံးတွင် ကျင်ပခဲ့ခြင်းဖြစ်ပြီး ဖားကန့်မြို့နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ လူငယ်များ၊ တိုင်းရင်းသားအစုအဖွဲ့များက နာရေးကို လိုက်လံပို့ဆောင်ခဲ့ကြသည်။
ကိုဇော်လင်းထိုက်သည် ဖားကန်မြို့နယ် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများတွင် လုံခြုံရေးတပ်ဖွဲ့များ၏ ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွင်းမှုတွင် ရင်ဘက်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး ၂၂၂၂ အရေးတော်ပုံတွင် ပထမဆုံး စစ်အာဏာရှင်ဆန့်ရေးအတွက် အသက်ပေးခဲ့ရသည့် ရှမ်းနီတိုင်းရင်းသားတစ်ဦးဖြစ်သည်။
အဆိုပါ ကိုကျော်လင်းထိုက် သေဆူံမှုနှင်ပတ်သက်ပြီး ရှမ်းနီနွယ်ဖွားလူငယ်များအဖွဲ့ချုပ်ဗဟိုမှလည်း လေးစားဂုဏ်ယူကြောင်းနှင် ကြေကွဲ၀မ်းနဲကြောင်း ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့သည်။
၎င်းသည် ဖားကန့်မြို့နယ် ဆိပ်မှုကျေးရွာအုပ်စု သပိတ်စစ်ကြောင်းကို မတ် ၁၄ရက် က ဖြိုခွင်းမှုတွင်လုံခြုံရေးတက်ဖွဲ့၀င်များ၏ ကျည်အစစ်ဖြင့်ပစ်ခတ်ဖြိုခွင်းမှုတွင် ရင်ဘတ်ထိမှန်က သေဆုံးခဲ့ခြင်းဖြစ်သည်။