မီဇိုရမ်ပြည်နယ် အထက်လွှတ်တော်အမတ် Pu K.Vanlalvena က အိန္ဒိယနိုင်ငံ ဒု-သမ္မတထံ မြန်မာနိုင်ငံအရေးတင်ပြ

မီဇိုရမ်ပြည်နယ် အထက်လွှတ်တော်အမတ် Pu K.Vanlalvena က အိန္ဒိယနိုင်ငံ ဒု-သမ္မတထံ မြန်မာနိုင်ငံအရေးတင်ပြ

မီဇိုရမ်ပြည်နယ် အထက်လွှတ်တော်အမတ် (RAJYA SABHA MP) Pu K.Vanlalvena က အိန္ဒိယနိုင်ငံ ဒုသမ္မတလည်းဖြစ် အထက်လွှတ်တော် ဥက္ကဌ M.Venkaiah Naidu ထံ လက်ရှိ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြတောင်းဆိုမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။ 

 

အိန္ဒိယနိုင်ငံ နယူးဒေလီကိုရောက်ရှိနေသော မီဇိုရမ်ပြည်နယ် အထက်လွှတ်တော်အမတ် Pu K.Vanlalvena က အိန္ဒိယနိုင်ငံ ဒုသမ္မတ M.Venkaiah Naidu နေအိမ်တွင် မတ် ၁၅ ရက်က သွားရောက်တွေ့ဆုံပြီး ယခုလို တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ 

 

Pu K.Vanlalvena က “မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသောအခြေအနေကြောင့် သေဆုံးသူနှင့်ဒဏ် ရာရရှိသူများစွာရှိနေပြီဖြစ်တယ်။ သို့သော်လည်း သေဆုံးသူနှင့် ဒဏ်ရာရရှိသူဦးရေမှာ တိတိကျကျမသိရကြောင်း၊ နိုင်ငံခေါင်းဆောင်များအပြင် များစွာ သောသူကိုပါ ဖမ်းဆီးခံထားရကြောင်း၊ မြန်မာနိုင်ငံ စစ်အာဏာရှင် ကိုမလိုလားဘဲ ပြည်သူလူထုဘက်တွင် ရပ်တည် ပေးတဲ့ စစ်သား၊ ရဲ အများအပြားတို့ကလည်း မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံနေပြီဖြစ်ကြောင်း” အိန္ဒိယနိုင်ငံ ဒုသမ္မတထံ တင်ပြခဲ့သည်။ 

 

မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာကြသော မြန်မာနိုင်ငံသားများအပေါ် အရေးတကြီး အကူအညီ ထောက်ပံ့မှုများလိုအပ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် မြန်မာလူထုများခံစားနေရသည့် ဒုက္ခများ အဆုံးသတ်ချုပ်ငြိမ်းစေရေးအတွက် ကြားဝင်ဆောင်ရွက်ပေးရန်နှင့် မြန်မာ့အရေးနှင့်ပတ်သတ်၍ အိန္ဒိယဗဟိုအစိုးရ၏ မူဝါဒ (Policy) ကိုလည်း ပြည်လည်သုံးသပ်ရန်လိုအပ်ကြောင်း အိန္ဒိယဒုသမ္မတထံသို့ Pu K.Vanlalvena က တိုက်တွန်းတောင်းဆိုခဲ့သည်။ 

 

လက်ရှိတွင် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာသော မြန်မာဒုက္ခသည် (Refugee) များမှာ လူဦးရေ ၃၇၀ ကျော် ရှိနေပြီဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး Pu Lalchamliana က ပြောသည်။ 

 

“Home department စာရင်းပြုစုချက်အရ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာသူ မြန်မာနိုင်ငံသား လူဦးရေ ၃၇၀ ကျော်ရှိနေပြီဖြစ်တယ်။ မီဇိုရမ်ပြည်သူလူထုများက လိုအပ်သလို ကူညီဆောင်ရွက်ပေးနေကြတယ်” မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီးကပြောသည်။ 

 

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် Champhai နှင့် နယ်စပ်ကျေးရွာ လူကြီးများ၏ပြောကြားချက်အရ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာသော မြန်မာဒုက္ခသည်များမှာ ၅၀၀ နီးပါးရှိနေပြီဟုသိရပြီး ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် သီးသန့်အတည်ပြုချက်မရရှိသေးပေ။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...