ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံဝန်းတွင် နေထိုင်ကြပြီး CDM ပြုလုပ်သော ဝန်ထမ်းများအား မတ် ၁၂ရက် ညနေ ၃ နာရီနောက်ဆုံးထား၍ ပြောင်းရွှေ့ရန် စစ်တပ်ကအမိန့်ထုတ်ခဲ့သဖြင့် ဒေသခံလူငယ်များ ဝိုင်းဝန်းကူညီပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။
တီးတိန်မြို့ခံတစ်ဦးက “၃ နာရီနောက်ဆုံးလို့ပြောတယ်။ ကျွန်တော်တို့ သိတာကတော့ တပ်က လာပြီးမှ ဆေးရုံအုပ်ကို လာပြောတယ်လို့ပြောတယ်။ အခုက လူငယ်တွေက ပြောင်းမဲ့သူတွေရဲ့ နေဖို့ ထိုင်ဖို့ကိစ္စ လုပ်ပေးနေတယ်” ဟု ပြောသည်။
ယခုလက်ရှိတွင် တီးတိန်မြို့လူငယ်များကဦးဆောင်၍ CDM ဝင်သည့် ဆေးရုံဝန်ထမ်းများပြောင်းရွှေ့ရေးအတွက် လိုက်လံကူညီ ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။
အလားတူ ဟားခါးမြို့ပြည်သူ့ဆေးရုံရှိ CDM ဝင်သော ကျန်းမာရေးဝန်ထမ်းများကိုလည်း ဆေးရုံဝန်းအတွင်းမှ ယနေ့ညနေ ၃ နာရီနောက်ဆုံးထား၍ပြောင်းရွှေ့ရန်နှင့် ဆေးရုံကိစ္စများကို စစ်တပ်က တာဝန်ယူသွားမည်ဟု ပြောဆိုကြောင်း သိရသည်။
Published
Saturday, March 13, 2021
CDM ပြုလုပ်နေသော တီးတိန်ပြည်သူ့ဆေးရုံဝန်းမှ ဝန်ထမ်းများပြောင်းရွှေ့နိုင်ရေး ဒေသခံလူငယ်များ ကူညီခဲ့ရ